တာချီလိတ်တွင် COVID-19 အတည်ပြုလူနာ တစ်ဦး တွေ့ရှိ

တာချီလိတ်တွင် COVID-19 အတည်ပြုလူနာ တစ်ဦး တွေ့ရှိ
ဧပြီ 18, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID-19 အတည်ပြုလူနာ တစ်ဦး တွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် COVID-19 အတည်ပြုလူနာ(၁) ဦးကိုတွေ့ရှိရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့က ဓါတ်ခွဲအဖြေရသဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ COVID 19 ကုသခန်းသို့  ပြောင်းရွှေ့ကုသပေးရန် စီစဉ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အတည်ပြုလူနာဖြစ်သွားသည့် ဆရာဝန်မှာ ၂၀၂၀ခုနှစ်၊ ဧပြီလ (၆)ရက်နေ့ နေ့လယ် (၁၁)နာရီက မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 275) ဖြင့် ရန်ကုန်မှနေ၍ တာချီလိတ်ရှိ မိသားစုနေအိမ်သို့ ပြန်လာခြင်းဖြစ်ပြီး ရန်ကုန်တွင်  ဆေးကုသပေးခဲ့သည့် လူနာတစ်ဦးမှာ COVID 19 အတည်ပြုလူနာအဖြစ် ဧပြီလ (၁၄)ရက်နေ့တွင် ဓါတ်ခွဲတွေ့ရကြောင်း သိရသဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဌာနက အဆိုပါ ဆရာဝန်အပါအဝင် နေအိမ်တွင်နေထိုင်သူ (၃)ဦးလုံးကို အသွားအလာကန့်သတ်ပြီး ဧပြီလ (၁၅)ရက်နေ့၌ ဓါတ်ခွဲနမူနာရယူခဲ့သည့်အပြင်  လေယာဉ်အတူစီးနင်းလာသူများနှင့် တာချီလိတ်၌ နေထိုင်စဉ်အတွင်း ဆရာဝန်မိသားစုနှင့် ထိတွေ့သူအားလုံး ဧပြီလ (၁၅)ရက်နေ့မှစ၍ နေအိမ်အသီးသီးတွင် အသွားအလာကန့်သတ် နေထိုင်နေကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင်းမှ ဓါတ်ခွဲနမူနာများကို ယခင်က မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ နေ့ချင်းပို့ဆောင်နိုင်ခဲ့သော်လည်း လတ်တလောတွင် လေကြောင်းလိုင်းများကို ခေတ္တရပ်နားထားသဖြင့် မော်တော်ယာဉ်များဖြင့် တာချီလိတ်မှ ကျိုင်းတုံ၊ ကျိုင်းတုံမှတဆင့် တောင်ကြီး၊ တောင်ကြီးမှ တဆင့် ရန်ကုန်သို့ အဆင့်ဆင့် ပို့ဆောင်နေရသဖြင့် ဓါတ်ခွဲအဖြေကို ဧပြီလ (၁၇)ရက်နေ့တွင် ရရှိခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~