ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ (၁၁၁)ဦးရှိလာ

ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ (၁၁၁)ဦးရှိလာ
ဧပြီ 19, 2020
By Tachileik News Agency
ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ (၁၁၁)ဦးရှိလာ

ရန်ကုန်မှ စောင့်ကြည့်လူနာများထဲက  COVID 19 အတည်ပြုလူနာ (၄)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့ညတွင် ဓါတ်ခွဲတွေ့ရှိသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၁၁) ဦးရှိနေပြီဖြစ်သည်။

ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဧပြီလ (၁၉)ရက်နေ့တွင်  ဓာတ်ခွဲနမူနာ (၃၆၉) ခုကို စစ်ဆေးခဲ့ရာ၌ အတည်ပြုလူနာ (၄) ဦးတွင် တွေ့ရခြင်းဖြစ်သည်။

အသစ်ထပ်တိုးလာသည့် လူနာ (၄)ဦးမှာ စောင့်ကြည့်လူနာများဖြစ်ကြပြီး အတည်ပြုလူနာနှင့် ထိတွေ့သူ (၂)ဦး ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါလူနာ (၄)ဦးကို တောင်ဥက္ကလာပအထူးကုဆေးရုံတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012၊ Case-011 နှင့် Case-015 တို့မှာ သက်သာလာပြီး Case-004 နှင့် Case-007 တို့သည် ဆေးရုံမှဆင်းခွင့်ရရှိသွား၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~