ဧပြီလ(၁၈)ရက်နေ့ ညပိုင်း တတိယအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၉)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၀၇)ဦးအထိရှိလာ

ဧပြီလ(၁၈)ရက်နေ့ ညပိုင်း တတိယအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၉)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၀၇)ဦးအထိရှိလာ
ဧပြီ 19, 2020
By Tachileik News Agency
ဧပြီလ(၁၈)ရက်နေ့ ညပိုင်း တတိယအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၉)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၀၇)ဦး အထိရှိလာ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ၂၀၂၀ခုနှစ် ဧပြီလ(၁၈)ရက်နေ့၏ တတိယအသုတ် စစ်ဆေးမှုတွင် COVID-19 ရောဂါပိုး အတည်ပြုလူနာ (၉)ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၀၇)ဦးရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ(၁၉)ရက်နေ့ နံနက်(၇)နာရီအချိန်က သတင်းထုတ်ပြန်ထားသည်။

အသစ်ထပ်တိုးသည့် အတည်ပြုလူနာ(၉)ဦးသည် ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းက ဖြစ်ကြောင်း သိရသည်။

 ဧပြီလ(၁၈)ရက်နေ့ တစ်နေ့တည်းတွင် စုစုပေါင်း (၂၇၂)ဦးအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က (၃)သုတ်ခွဲ၍ စစ်ဆေးရာတွင်  COVID-19 ရောဂါပိုး ကူးစက်ခံရသူ (၁၃)ဦးတွေ့ရှိခဲ့ပြီး တာချီလိတ်မှ (၁)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ (၁၂)ဦးတို့ ပါဝင်သည်။

မြန်မာနိုင်ငံအတွင်း  COVID-19 ရောဂါပိုး စုစုပေါင်းသည် ၂၀၂၀ခုနှစ် ဧပြီလ(၁၉)ရက်နေ့ နံနက်(၇)နာရီအချိန်အထိ ကူးစက်ခံရသူ (၁၀၇)ဦး နှင့် သေဆုံးသူ(၅)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~