ကျောက်မဲတွင် အတည်ပြုလူနာ(case 14)၏ မိသားစုဝင်များနှင့် ဖျားနာဆောင်မှ လူနာတို့ကို စောင့်ကြည့်လူနာသတ်မှတ်

ကျောက်မဲတွင် အတည်ပြုလူနာ(case 14)၏ မိသားစုဝင်များနှင့် ဖျားနာဆောင်မှ လူနာတို့ကို စောင့်ကြည့်လူနာသတ်မှတ်
ဧပြီ 8, 2020
By Tachileik News Agency

ကျောက်မဲတွင် အတည်ပြုလူနာ(case 14)၏ မိသားစုဝင်များနှင့် ဖျားနာဆောင်မှ လူနာတို့ကို စောင့်ကြည့်လူနာသတ်မှတ်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် အတည်ပြုလူနာ (Case 14)၏ မိသားစုဝင် (၅)ဦးနှင့် ဖျားနာဆောင်မှ လူနာ(၁)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ပြည်သူ့ဆေးရုံရှိ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ထားရှိလိုက်ကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် မတ်လ (၂၉)ရက်နေ့က အတည်ပြုလူနာ၏ မိသားစုဝင် (၄)ဦးဖြစ်သည့် အသက် (၅၁)နှစ်အရွယ် ဖခင်၊ အသက် (၅၂)နှစ်အရွယ် မိခင်၊ အသက် (၂၂)နှစ်အရွယ် ညီမ၊ အသက်(၁၈)နှစ်အရွယ် ညီနှင့် ခရီးအတူသွားခဲ့သည့် အသက် (၄၂)နှစ်အရွယ် အမျိုးသား (၁)ဦးတို့ကို Home Quarantine ထားရှိရာမှ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ကျောက်မဲ ဆေးရုံ ဖျားနာဆောင်ရှိ အသက် (၅၃)နှစ်အရွယ် အမျိုးသား (၁)ဦးကိုလည်း စောင့်ကြည့်လူနာ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာသည် မတ်လ (၂၅)ရက်နေ့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ တာချီလိတ်ဘက်သို့ ဝင်လာသည့် နေရပ်ပြန်များမှ တစ်ဦးဖြစ်ပြီး တာချီလိတ် - မန္တလေး - ကျောက်မဲလမ်းကြောင်း အတိုင်း နေရပ်ပြန်သွားကာ ကျောက်မဲဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါလူနာကို လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေပြီး အခြေအနေကောင်းမွန်နေသည်ဟု သိရသည်။

ကျောက်မဲမြို့တွင် Facility Quaratine အဖြစ်နေနေရသူ စုစုပေါင်း (၂၀၀) ဝန်းကျင်ရှိပြီး Home Quaratine နေရာ (၅၃)ခုရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~