ကျောက်မဲဗဟိုဈေးတွင် ဝင်ပေါက် (၄)ခုသာ ဖွင့်ပေးထားပြီး ဈေးဝယ် ဈေးသည်များကို အပူရှိန်တိုင်း

ကျောက်မဲဗဟိုဈေးတွင် ဝင်ပေါက် (၄)ခုသာ ဖွင့်ပေးထားပြီး ဈေးဝယ် ဈေးသည်များကို အပူရှိန်တိုင်း
ဧပြီ 18, 2020
By Tachileik News Agency
ကျောက်မဲဗဟိုဈေးတွင် ဝင်ပေါက် (၄)ခုသာ ဖွင့်ပေးထားပြီး ဈေးဝယ် ဈေးသည်များကို အပူရှိန်တိုင်း

Covid-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲဗဟိုဈေးတွင် အဓိက ဝင်ပေါက် (၄)ခုသာဖွင့်ထားပြီး ဈေးသည်၊ ဈေးဝယ်များ Mask တပ်ဆင်ရန်နှင့် အပူချိန်တိုင်းခြင်းများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က စတင်၍ လုပ်ဆောင်နေကြောင်း သိရသည်။

ဈေးသည်၊ ဈေးဝယ်များအား ကိုယ်အပူချိန်တိုင်းတာခြင်းကို ပရဟိတအဖွဲ့များက လုပ်ဆောင်ပေးကြမည်ဖြစ်ပြီး Mask မတပ်လာသူများအား Mask တပ်ရန်သတိပေးခြင်းလုပ်ဆောင်မည့်အပြင် ဈေးပတ်လည်တွင် လက်ဆေးကန်များ ပြုလုပ်ပေးထားကြောင်း သိရသည်။

ကျောက်မဲတွင် ဗဟိုဈေး၊ မနက်ခင်းဈေး( မင်္ဂလာဈေး)၊ ညဈေးနှင့် အခွန်လွတ်ဈေးများကို ဆက်လက်ဖွင့်ထားပြီး (၅) ရက်တစ်ဈေးများနှင့် ကျောက်မဲ ညဈေးတန်းတို့ကို မတ်လ (၂၉) ရက်နေ့က စတင်၍ ပိတ်ထားခြင်းဖြစ်သည်။

ကျောက်မဲတွင် ပြည်သူ့ဆေးရုံ၌ COVID 19 သံသယစောင့်ကြည့်လူနာ (၆) ဦးရှိပြီး Facility Quarantine အဖြစ်ထားရှိသူ (၁၈၀) ဝန်းကျင်ရှိသည်ဟု သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~