ဧပြီလ(၁၈)ရက်နေ့ညတွင် အတည်ပြုလူနာ(၂)ဦး ထပ်တိုး၍ (၉၆)ဦးအထိ ရှိလာ

ဧပြီလ(၁၈)ရက်နေ့ညတွင် အတည်ပြုလူနာ(၂)ဦး ထပ်တိုး၍ (၉၆)ဦးအထိ ရှိလာ
ဧပြီ 18, 2020
By Tachileik News Agency
ဧပြီလ(၁၈)ရက်နေ့ညတွင် အတည်ပြုလူနာ(၂)ဦး ထပ်တိုး၍ (၉၆)ဦးအထိ ရှိလာ

မြန်မာနိုင်ငံအတွင်း  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့၏ ပထမအသုတ် စစ်ဆေးမှုတွင် COVID-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး၍   အတည်ပြုလူနာ စုစုပေါင်း (၉၆)ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းအထိ ဓါတ်ခွဲစစ်ဆေးသူ (၉၁)ဦးတွင် (၂)ဦး၌ COVID ပိုး တွေ့ရခြင်းဖြစ်ကြောင်း ညနေ (၆)နာရီ (၁၅)မိနစ် ဓါတ်ခွဲခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် အဆိုပါ (၂)ဦးသည် မည်သည့်ဒေသက ဆိုသည်ကိုတော့ ထုတ်ဖော်ထားခြင်း မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အတည်ပြုလူနာ (၉၆)ဦးအနက် ကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာသူ (၅)ဦးနှင့် သေဆုံးသူ (၅)ဦးရှိနေကာ ကျန်အတည်ပြုလူနာများမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~