မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၉၄)ဦးနှင့် သေဆုံးသူ (၅)ဦးအထိရှိလာ

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၉၄)ဦးနှင့် သေဆုံးသူ (၅)ဦးအထိရှိလာ
ဧပြီ 18, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၉၄)ဦးနှင့် သေဆုံးသူ (၅)ဦးအထိရှိလာ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် (၂၈၅)ဦးအား ဓါတ်ခွဲစစ်ဆေးရာ (၆)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရ၍ ၂၀၂၀ခုနှစ် ဧပြီလ(၁၈)ရက်နေ့ နံနက်(၈)နာရီအထိတွင် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း (၉၄)ဦးရှိလာပြီး သေဆုံးသူ တစ်ဦးထပ်တိုး၍ (၅)ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

ဧပြီလ(၁၇)ရက်နေ့ညပိုင်း အတည်ပြုထုတ်ပြန်ခဲ့သည့် COVID-19 ကူးစက်ခံရသူ (၃)ဦးထဲက အသက် (၇၈)နှစ်အရွယ်မှာ ဆီးချိုနှင့်သွေးတိုးရောဂါအခံရှိသူဖြစ်ကာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာဖြစ်ပြီး အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့် ဧပြီလ(၁၈)ရက်နေ့ နံနက်(၂)နာရီ (၅၅)မိနစ်အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ(၁၈)ရက်နေ့အထိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုပေးနေသည့် လူနာ (၃)ဦးကိုလည်း အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း (၉၄)ဦးရှိပြီး သေဆုံးသူမှာ (၅)ဦးအထိရှိလာပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~