လမ်းပေါ်တွင် လူ (၅) ဦးအထိ စုဝေးခွင့်မပြုသည့် ကန့်သတ်အမိန့် ထုတ်

လမ်းပေါ်တွင် လူ (၅) ဦးအထိ စုဝေးခွင့်မပြုသည့် ကန့်သတ်အမိန့် ထုတ်
ဧပြီ 16, 2020
By Tachileik News Agency
လမ်းပေါ်တွင် လူ (၅) ဦးအထိ စုဝေးခွင့်မပြုသည့် ကန့်သတ်အမိန့် ထုတ်

COVID 19 ကူးစက်ခံရသူ (၈၅)ဦးရှိလာပြီးနောက် လူ (၅)ဦးအထိ စုဝေးခြင်းကို တားမြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အဆိုပါ အမိန့်ညွှန်ကြားချက်အား လိုက်နာခြင်း မရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ ပြန်ခြင်း၊  ကုမ္ပဏီစက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားသည့် ဈေး/ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း၊ ခွင့်ပြုချက်ရရှိထားသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တရားစီရင်ရေး ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နှင့် အညီ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးအရ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်းနှင့် နာရေးကိစ္စဆောင်ရွက်ခြင်း  ဖော်ပြပါ ကိစ္စရပ်များမှအပ လူ (၅)ဦး အထိဖြစ်စေ၊ (၅)ဦးထက်ကျော်၍ဖြစ်စေ စုစည်းခွင့် မရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~