တာချီလိတ်မှ အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဓါတ်ခွဲစစ်ဆေးမည်

တာချီလိတ်မှ အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဓါတ်ခွဲစစ်ဆေးမည်
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာနှင့် ထိတွေ့မိသည့်  ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဓါတ်ခွဲစစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96)နှင့် ထိတွေ့မှုရှိ၍ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀) ဦးအပါအဝင် ကျန်းမာရေးဌာနမှ အသွားအလာကန့်သတ်ထားသူ (၂၁) ဦးလုံးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာ အခု အတည်ပြုလူနာနဲ့ပတ်သက်လို့ Quarantine လုပ်ထားတာ စုစုပေါင်း (၂၁)ယောက်ရှိတယ်။ အဲဒီမှာ ဆရာဝန် (၁၀)ယောက်ပါနေတယ်။ အဓိကကတော့ ဆရာဝန် (၁၀)ယောက်ပါတဲ့အထဲမှာ သမားတော်နဲ့ မေ့ဆေးဆရာဝန်ပါ ပါနေတယ်။ အကုန်လုံးကို ကျွန်တော်တို့ မနက်ဖြန်မှာ ဓါတ်ခွဲစစ်ဆေးသွားပါမယ်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို COVID 19 ကုသရေးဆေးရုံအဖြစ် ပြင်ဆင်ထားသော်လည်း လတ်တလောတွင် ကုသရေးဆရာဝန်များကို ဓါတ်ခွဲစစ်ဆေးရမည်ဖြစ်၍ အတည်ပြုလူနာအား ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုအားလုံး ပြင်ဆင်နေပါပြီ။ ဒီမှာ အတည်ပြုလူနာတစ်ဦးလည်းရှိတော့ နောက်ထပ် တစ်ဦး ထပ်ထည့်ဖို့ လိုအပ်တာတွေ ပြင်ဆင်ထားပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ကျိုင်းတုံကနေ လာခေါ်ပါမယ်ခင်ဗျ။ လူနာက အခြေအနေလည်း ကောင်းနေပါတယ်”ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (Case 64) နှင့် ထိတွေ့မိ၍ အသွားအလာကန့်သတ်ထားသည့် မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း (၁၅)ဦးမှာ COVID 19 ပိုးမတွေ့ရကြောင်း ဧပြီလ (၁၈)ရက်နေ့တွင် ဓါတ်ခွဲအဖြေရထားပြီးဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~