တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က ပြည်တော်ပြန် (၁၈၀)ကျော် ဆက်လက် ဝင်ရောက်မည်ဖြစ်၍ (၁၄)ရက်ထားရှိမည့် နေရာကို ပိုးသတ်ဆေးဖြန်း

တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က ပြည်တော်ပြန် (၁၈၀)ကျော် ဆက်လက် ဝင်ရောက်မည်ဖြစ်၍ (၁၄)ရက်ထားရှိမည့် နေရာကို ပိုးသတ်ဆေးဖြန်း
ဧပြီ 5, 2020
By Tachileik News Agency
တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က ပြည်တော်ပြန် (၁၈၀)ကျော် ဆက်လက် ဝင်ရောက်မည်ဖြစ်၍ (၁၄)ရက်ထားရှိမည့် နေရာကို ပိုးသတ်ဆေးဖြန်း

တာချီလိတ်တွင် (၁၄)ရက် သီးခြားစောင့်ကြည့်ပေးထားသည့် လူ(၉၀)ကျော်မှာ ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက နေရပ်အသီးသီးသို့ ပြန်သွားပြီဖြစ်သည့် အတွက် ပူးပေါင်းအဖွဲ့က ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ထားကြောင်း သိရသည်။

ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ အလင်းရောင်ပရဟိတအသင်း နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနောက်ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)၏ အခန်းများတွင် ပိုးသတ်ဆေးဖြန်းခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား(၉၀)ကျော်မှာ ယနေ့ ဧပြီလ(၅)ရက်နေ့နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုအစီအစဉ်ဖြင့် နေရပ်သို့ ပြန်သွားကြပြီဖြစ်ပြီး ဆက်လက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ရောက်ရှိနေသည့် ပြည်တော်ပြန် မြန်မာနိုင်ငံသား (၁၈၁)ဦးသည် ဧပြီလ(၆)ရက်နေ့ နံနက်တွင် တာချီလိတ်သို့ ရောက်လာရှိလာကြမည်ဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာမည့် အဆိုပါ (၁၈၁)ဦးအား ယခင်ကလို နေရပ်သို့ တခါတည်း ပြန်လွှတ်တော့မည်မဟုတ်ဘဲ တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင် (၁၄)ရက်အကြာ သီးသန့်စောင့်ကြည့်စေပြီးမှ နေရပ်အသီးသီးသို့ ပေးပြန်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~