အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အရက်သောက်ကြရာမှ အရက် အဆိပ်သင့်ပြီး (၄၄)ဦး သေဆုံး

မတ် 11, 2020
By Tachileik News Agency

အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အရက်သောက်ကြရာမှ အရက် အဆိပ်သင့်ပြီး (၄၄)ဦး သေဆုံး

အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အရက်သောက်ပြီးနောက် အရက်အဆိပ်သင့်၍ လူ (၄၄) ဦး သေဆုံးသွားကြောင်း အီရန်သတင်းဌာနများတွင် ဖေါ်ပြထားသည်။

အီရန်နိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၈,၀၄၂) ဦးနှင့် သေဆုံးသူ (၂၉၁) ဦးရှိနေရာ ဗိုင်းရပ်စ်ကာကွယ်နိုင်သည်ဆိုသည့် ကောလဟာလ ဆေးမြီးတိုပေါင်းစုံမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သိရသည်။

ဗိုင်းရပ်စ်ကာကွယ်သည်ဆိုသည့် ကောလဟာလများအနက် အရက်သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်ဆိုသည့် ကောလဟာလကြောင့် ဗိုင်းရပ်စ်ကာကွယ်ရန် အရက်သောက်သူများက မက်သနောအရက်ကို သောက်သုံးမိကြခြင်းဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ အချို့ဒေသတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူထက် အရက်တုသောက်မိ၍ သေဆုံးသူအရေအတွက် ပိုများနေသည်ဟု အစိုးရထုတ်ပြန်ချက်အရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့်ပတ်သက်၍ လူထုကြား ဖြန့်ဝေနေသည့် ကောလဟာလများတွင် အရက်ပျံ သို့မဟုတ် ကလိုရင်း ဖျန်းခြင်းက ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်ဟု ကောလဟာလများလည်း ပါဝင်ကြောင်း သိရသည်။

 Tachileik News Agency
Source: USA Today

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~