တာချီလိတ်တွင် လူသူအသွားအလာများသည့် နေရာ(၄)နေရာ၌ စည်ပင် လက်ဆေးဘေစင်များ ထားရှိပေးထားပြီး ပုဂ္ဂလိကဈေးများတွင်လည်း ထားရှိရန် ညွှန်ကြားထား

တာချီလိတ်တွင် လူသူအသွားအလာများသည့် နေရာ(၄)နေရာ၌ စည်ပင် လက်ဆေးဘေစင်များ ထားရှိပေးထားပြီး ပုဂ္ဂလိကဈေးများတွင်လည်း ထားရှိရန် ညွှန်ကြားထား
မတ် 26, 2020
By Tachileik News Agency

တာချီလိတ်တွင် လူသူအသွားအလာများသည့် နေရာ(၄)နေရာ၌ စည်ပင် လက်ဆေးဘေစင်များ ထားရှိပေးထားပြီး ပုဂ္ဂလိကဈေးများတွင်လည်း ထားရှိရန် ညွှန်ကြားထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID-19 ကူးစက်မှုမရှိ မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အများပြည်သူ အသွားအလာများသည့် နေရာ(၄)နေရာတွင် မည်သူမဆို လက်ဆေးနိုင်ရန် လက်ဆေးဘေစင်များကို ထားရှိပေးထားကြောင်း သိရသည်။

"အများပြည်သူ အသွားအလာများတဲ့ မြို့မဈေးရယ်၊ ရှမ်းရိုးမကွင်းရှေ့ရယ်၊ အထက(တာချီလိတ်)ကျောင်းရှေ့ရယ်၊ ဘုရင့်နောင်ရင်ပြင်ရှေ့ရယ်၊ ကျောင်းရှေ့ရယ်၊ အဲ့(၄)နေရာမှာ ထားပေးထားပါတယ်။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင်းနေရာ (၄)နေရာတွင် စည်ပင်သာယာရေးဌာနက အများပြည်သူများ လက်ဆေးနိုင်ရန် လက်ဆေး ဘေစင်များကို ထားရှိပေးထားရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီတို့မှ ကလိုရင်းဖြင့် သန့်စင်ထားပြီးဖြစ်သည့် ရေများကို ပူးပေါင်း လှူဒါန်းပေးထားကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနက မြို့မ(ဝမ်ကောင်း)ဈေးအတွင်း လက်ဆေးရန်ဘေစင်များကို ထားရှိပြီးနောက် ကျန်ရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေး အပါအဝင် ပုဂ္ဂလိကဈေးများ အားလုံးတွင်လည်း လက်ဆေးဘေစင်များ ထားရန် ညွှန်ကြားထားကြောင်း နှင့် လက်ရှိတွင် ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် လက်ဆေးဘေစင် ထားရှိပြီးကြောင်း သိရသည်။

ကမ္ဘာအနှံ့ ဖြစ်ပွားနေပြီး ကူးစက်ခံရသူ လူဦးရေ(၄၇၀,၀၀၀)ကျော်ရှိလာသည့် COVID-19 ရောဂါအား ကာကွယ်မှုများ ပြုလုပ်ရမည့် လုပ်ငန်းစဉ်တွင် လက်ဆေးခြင်းသည် အဓိကဖြစ်၍ အများပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စည်ပင်သာယာရေးဌာနက ထားရှိပေးထားရာ အချို့သောသူများအနေဖြင့် ဖျက်ဆီးခြင်းများ မပြုလုပ်ရန်နှင့် ဒေသတွင်း ပြည်သူများအနေဖြင့်လည်း အဆိုပါ လက်ဆေးဘေစင်များအား နီးစပ်ရာ ကြည့်ရှုစောင့်ရှောက်နိုင်ရန်လည်း သက်ဆိုင်ရာများက မေတ္တာရပ်ခံထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~