တာချီလိတ် နှင့် မယ်ဆိုင်အကြား ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း နယ်စပ်ချောင်းက တရားမဝင် ကူးသန်းသွားလာမှုများ မရှိစေရေးအတွက် မယ်ဆိုင်ဘက်က တံတား(၁)အောက်တွင် သံဆူးကြိုးခတ်

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း နယ်စပ်ချောင်းက တရားမဝင် ကူးသန်းသွားလာမှုများ မရှိစေရေးအတွက် မယ်ဆိုင်ဘက်က တံတား(၁)အောက်တွင် သံဆူးကြိုးခတ်
မတ် 31, 2020
By Tachileik News Agency

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း နယ်စပ်ချောင်းက တရားမဝင် ကူးသန်းသွားလာမှုများ မရှိစေရေးအတွက် မယ်ဆိုင်ဘက်က တံတား(၁)အောက်တွင် သံဆူးကြိုးခတ်

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ထိန်းချုပ်ကာကွယ်နေသည့် မြန်မာ - ထိုင်နယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မယ်ဆိုင်ချောင်းမှ တဆင့် တရားမဝင် သွားလာမှုများ မရှိစေရေးအတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က ချစ်ကြည်ရေး တံတား(၁) အောက်တွင် သံစူးကြိုးများကာရံမှုကို မတ်လ(၃၁)ရက်နေ့အထိ လုပ်ဆောင်ထားကြောင်း သိရသည်။

မတ်လ(၂၉)ရက်နေ့ နံနက်အစောပိုင်းအထိ မယ်ဆိုင်ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် မယ်ဆိုင်ဘက်နေသူ အချို့သော မြန်မာနိုင်ငံသားများက လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၈၀၀)ဘတ်မှ (၁၄၀၀)ဘတ်အထိ ကောက်ခံကာ ချောင်းကူးရန်အတွက် လမ်းညွှန်ပေးမှုများ ရှိနေသည်ကို မြန်မာဘက်က သိရသည့် အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ အလွတ်သဘော အကြောင်းကြားရာ မယ်ဆိုင်ဘက်မှာ တာဝန်ရှိသူများက မတ်လ(၃၀)ရက်နေ့က စ၍ မတ်လ(၃၁)ရက်နေ့အထိ မယ်ဆိုင်ဘက် ချစ်ကြည်ရေး အမှတ်(၁)တံတား အောက် ဝန်းကျင်တွင် သံဆူးကြိုးများ ခတ်နေကြခြင်း ဖြစ်သည်။

ထို့အတူပင် တာချီလိတ်ဘက်တွင်လည်း မယ်ဆိုင်ဘက်က ကူးလာမှုများသည်ဟု ယူဆရသည့် နေရာများတွင်လည်း သံဆူးကြိုးများ ခတ်ခြင်း၊ ရဲတပ်ဖွဲ့၊ လဝက၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ်နေကြောင်း သိရသည်။

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်သည် ထိုင်းနိုင်ငံအတွင်း၌ ပျံ့နှံ့နေပြီး မယ်ဆိုင်မြို့တွင် အတည်ပြုလူနာ (၂)ဦးတွေ့ရှိထားသည့်အတွက် ချစ်ကြည်ရေးတံတား(၁)အား ပိတ်ထားသော်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများ ချောင်းကတဆင့် ကူးလာမည်ကို စိုးရိမ်နေကြသည့်အတွက် တာချီလိတ်ဘက်တွင် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~