တာချီလိတ် နယ်စပ်က ပြန်သွားသည့် ကျောက်မဲဆေးရုံမှ COVID 19 အတည်ပြုလူနာကို လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ကုသ

တာချီလိတ် နယ်စပ်က ပြန်သွားသည့် ကျောက်မဲဆေးရုံမှ COVID 19 အတည်ပြုလူနာကို လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ကုသ
မတ် 31, 2020
By Tachileik News Agency
တာချီလိတ် နယ်စပ်က ပြန်သွားသည့် ကျောက်မဲဆေးရုံမှ COVID 19 အတည်ပြုလူနာကို 
လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ကုသ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ COVID 19 အတည်ပြုလူနာကို လားရှိုးပြည်သူ့ဆေးရုံသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် လွှဲပြောင်းကုသပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့က designated hospital (သတ်မှတ်ဆေးရုံ) ကတော့ (၈) ခုရှိတာပေါ့နော်။ ကျောက်မဲနဲ့ သီပေါကတော့ အထူးကုတွေရှိလို့ အရန်ထားထားတာ။ အခုလက်ရှိလူနာကတော့  အဆုတ်ထဲရေရှိတဲ့ဟာတော့ တွေ့ရတာပေါ့။ တွေ့တော့ Stable  (အခြေအနေတည်ငြိမ်) တော့ဖြစ်တယ်။ လူနာအခြေအနေတော့ ကောင်းတယ်။ ဒါပေမဲ့ ကျောက်မဲထက်စာရင် လားရှိုးပို့လိုက်ရင်တော့ ပိုပြီးစိတ်ချရတဲ့သဘောဖြစ်တဲ့အတွက် လားရှိုးပို့လိုက်တာပေါ့နော်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လလ(၃၁)ရက်နေ့တွင် ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသပေးနေရာမှ မတ်လ (၃၀)ရက်နေ့က အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိလာပြီဖြစ်၍ လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မယ်ဆိုင် သို့ ရောက်ရှိပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တစ်ဆင့် တာချီလိတ်သို့ ဝင်ရောက်ကာ တာချီလိတ်တွင် (၂)ရက်နေထိုင်ခဲ့ပြီးနောက်  မန္တလေးသို့ လေကြောင်းဖြင့်သွားခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ မန္တလေးမှ ကျောက်မဲသို့ ကားဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကုသရေးဆေးရုံများအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံ၊ လွိုင်လင်ဆေးရုံနှင့် ကလောဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံနှင့် မူဆယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျိုင်းတုံနှင့် တာချီလိတ်ဆေးရုံများတွင် ကုသရေးအတွက် မဖြစ်မနေ လိုအပ်သည့် ဆေးပစ္စည်း (၁၄)မျိုးကို အစိုးရရန်ပုံငွေဖြင့် ဖြည့်ဆည်းပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~