အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များအား မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်း

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များအား မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်း
မတ် 29, 2020
By Tachileik News Agency
အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များအား မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်း 

ကူးစက်မြန် COVID-19 ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှ ဧပြီလ (၁၃)ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ (၂၉)ရက်နေ့ ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် မတ်လ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် ည (၁၁)နာရီ (၅၉)မိနစ်မှစတင်၍ ဧပြီလ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် ည (၁၁)နာရီ (၅၉)မိနစ်အထိ အကျုံးဝင်မည်ဖြစ်သည်။

နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးကို မတ်လ (၂၉)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ပြည်ဝင်ဗီဇာထုတ်ပေးခြင်းကိုလည်း ယာယီကန့်သတ်ချက်များဖြင့် ပိတ်ပင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~