မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ရွာတွင် တောမီး၏ မီးပွားကြောင့် နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးကာ (၉၂)ဦး မီးဘေးသင့်

မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ရွာတွင် တောမီး၏ မီးပွားကြောင့် နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးကာ (၉၂)ဦး မီးဘေးသင့်
မတ် 26, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ရွာတွင် တောမီး၏ မီးပွားကြောင့် နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးကာ (၉၂)ဦး မီးဘေးသင့်

တောမီးလောင်ကျွမ်းရာမှ တဆင့်နေအိမ်ပေါ်သို့ မီးပွားကျ၍ နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးမှု တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မိုင်းနယ်အတွင်း မက်မွန်ကျယ်(အောက်)ရွာတွင် ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ မက်မွန်ကျယ်(အောက်)ကျေးရွာတွင် ကျေးရွာအနီးမှ လောင်ကျွမ်းနေသည့် တောမီး၏ မီးပွားမှာ နေအိမ်ခေါင်းမိုးပေါ်သို့ ကျလာရာမှ လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြာချိန်သည် အချိန်(၂)နာရီကျော် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက် နေအိမ်(၁၈)လုံး မီးလောင်သွားရာ စပါး(၃၂၅)အိတ်၊ လက်တွန်းထွန်စက် (၁)စီး၊ ဆိုင်ကယ်(၂)စီးပါ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိ၍ နည်းဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်မျိုးထိုက်၊ နယ်မြေခံတပ်ရင်မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇင်လတ်နှင့် စစ်သည်များ၊ ပြည်သူစစ်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်း နှင့်တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ဒုရဲအုပ် လွှမ်းမိုးထွန်းနှင့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသွားရောက်ကာ မီးလောင်မှုဖြစ်ပွားသည့် နေအိမ်များမှ အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ညနေ(၄)နာရီ မိနစ်(၂၀)တွင် မီးငြိမ်းခဲ့ကြောင်း  သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာသည် တောင်ပေါ်ဒေသဖြစ်ပြီး မြို့ထဲနှင့်လည်း အလှမ်းဝေးသည့်အပြင် ရေရှားပါးသည့် ကျေးရွာဖြစ်ကြောင်း နှင့် ယခုကာလသည် စိုက်ပျိုးရေးအတွက် တောင်ယာတောမီးရှို့သည့် ကာလဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်(၁၈)လုံး ဆုံးရှုံးသွားခဲ့ရာ အမျိုးသား(၅၃)ဦးနှင့် အမျိုးသမီး(၃၉)ဦး စုစုပေါင်း (၉၂)ဦး မီးဘေးသင့်ခဲ့သည့်အတွက် နည်းဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေးမှ ဆန် ၊ ဆား ၊ ကြက်ဥနှင့် မ ခေတ္တ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် အလှူရှင်များက ဆန်၊ ခေါက်ဆွဲ ခြောက်၊ ဆီ၊ ဆား၊ ငါးသေတ္တာနှင့် ရေသန့် ကတ်များကို မီးဘေးသင့် ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ရွှေကို(မိုင်းဖြတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~