လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် နေ့စဉ်ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာသည့်အပြင် လက်ဆေးစင်များထားရှိသွားမည်

လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် နေ့စဉ်ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာသည့်အပြင် လက်ဆေးစင်များထားရှိသွားမည်
မတ် 26, 2020
By Tachileik News Agency
လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် နေ့စဉ်ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာသည့်အပြင် လက်ဆေးစင်များထားရှိသွားမည်

ကယားပြည်နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် လွိုင်ကော်မြို့ရှိ အဝေးေးပြးယာဉ်ရပ်နားစခန်းတွင် နေ့စဉ် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် လက်ဆေးစင်များ ထားရှိပေးခြင်းများကို ၂၀၂၀ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှစ၍ လုပ်ဆောင်နေကြောင်း သိရသည်။

ကျွန်တော်တို့ COVID-19 နဲ့ပတ်သက်ပြီးတော့ လူစုလူဝေးများတဲ့ ကျွန်တော်တို့ ယာဉ်ရပ်နားစခန်းမှာဆို ဒီရောဂါကာကွယ်ဖို့အသိပညာပေးတဲ့စာရွက်စာတမ်းလေးတွေ ဖြန့်ဝေမယ်။ နောက်တစ်ခုလက်ဆေးတဲ့ ဇလုံလေးတွေ ရေစင်လေးတွေကို စပြီးတပ်ဆင်နေပါပြီ ။ ခရီးသွားပြည်သူတွေကို အပူချိန်တိုင်းတဲ့ စက်လေး တွေကို ဂိတ်အသီးသီးက ဝယ်ထားပါပြီ။ ခရီးသည်တွေကားပေါ်မတတ်ခင်ကို ကိုယ်အပူချိန်တိုင်းတဲ့ ကိရိယာနဲ့ သေချာတိုင်းမယ်။  သံသယရှိတဲ့လူနာတွေတွေ့ရင် သက်ဆိုင်ရာဌာနတွေကိုအချိန်မှီသတင်းပို့ပြီးတော့  အကြောင်းကြားပေးပါမယ်။ အားလုံး လုံခြုံစိတ်ချရမှ သူလိုရာခရီးကို ကျွန်တော်တို့ဆက်သွားခွင့်ပြုမှာ ဖြစ်ပါတယ်။

ဟု ကယားပြည်နယ်ပုဂ္ဂလိက မော်တော်ယဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးကပြောသည်။

လက်ရှိ ကယားပြည်နယ်တွင် လွိုင်ကော်မြို့အဝေးပြေးယဉ်ရပ်နားစခန်းကို အခြေပြု၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ယဉ်လိုင်းပေါင်း(၇၀)ကျော်ရှိပြီး ယာဉ်လိုင်းဂိတ်များတွင်လည်း ခရီးသည်များအားကျန်းမာရေး စစ်ဆေးနိုင်ရန် အပူချိန်တိုင်းကိရိယာများ ဖြန့်ဝေထားရှိပြီးဖြစ်သလို နောက်ပိုင်းတွင် ပိုးသတ်ဆေး ဖြန်းခြင်းများကိုပါ ကယားပြည်နယ်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျွန်တော်ကတော့ တစ်ခြားနယ်ကနေ ဒီမှာအလုပ်လာလုပ်တာပါ။ ဒီလိုရောဂါအခြေနေကြောင့် ကိုယ့်ဒေသကိုယ် ပြန်မှာပေါ့ ။ လက်ဆေးရမယ်ဆိုတာကိုတော့သိပါတယ်။ ကားဂိတ်တွေမှာက ခုထိလက်ဆေးတဲ့ ဟာတွေကိုမတွေ့ရသေးဘူး ။ ခုမှစပြီးလုပ်နေတယ်လို့ပြောပါတယ် တတ်နိုင်ရင်တော့ဂိတ်တိုင်းမှာထားပေးသင့်တယ်။ ကားဂိတ်တွေကသေချာလုပ်ပေးရင်တော့ လုံလုံခြုံခြုံလေး ပြန်ရတော့စိတ်ချမ်းသာတာပေါ့ 

ဟု လွိုင်ကော်မှ မကွေးတိုင်းသို့ပြန်မည့် ကိုထွန်းဦး ကပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်နယ်တွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ပြေးဆွဲနေသော ယာဉ်များအနေဖြင့် နေ့စဉ် ယာဉ်ဝင်ထွက်ချိန်အား နံနက်(၆)နာရီမှ ည (၂)နာရီအတွင်းသာ ဝင်ရောက်ကြပရန်နှင့် ပူးပေါင်းစစ်ဆေးရေးဂိတ်များရှိ တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပူးပေါင်းဆောင်ရွက်ပေးရန် ကယားပြည်နယ်အစိုးရအဖွဲ့မှ မတ်လ (၂၄) ရက်နေ့တွင်အကြောင်းကြားထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~