ခရုသွားကောက်ရန် သွားသည့် အမျိုးသား(၃)ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲရာက (၂)ဦးသေဆုံး

ခရုသွားကောက်ရန် သွားသည့် အမျိုးသား(၃)ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲရာက (၂)ဦးသေဆုံး
မတ် 11, 2020
By Tachileik News Agency

ခရုသွားကောက်ရန် သွားသည့် အမျိုးသား(၃)ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲရာက (၂)ဦးသေဆုံး

ခရုကောက်ရန် သွားရောက်သူ အမျိုးသား(၃)ဦး မိုင်းနင်းမိရာမှ (၂)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိမှု ကျောက်မဲမြို့နယ်အတွင်း ခမ်းဆာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စုအတွင်း၊ ခမ်းဆာကျေးရွာအနီးရှိ ရေချောင်းထဲတွင် ၂၀၂၀ခုနှစ် မတ်လ(၁၀)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က အမျိုးသား (၃)ဦးက ခရုသွားကောက်ရန်အတွက် ခမ်းဆာကျေးရွာမှ လမ်းလျှောက်ထွက်ခွာလာစဉ် နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင် ခမ်းဆာကျေးရွာနှင့် (၁၀)မိုင်ခန့် အကွာသို့အရောက် တောထဲ၌ မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဦးစိုင်းကျော်ညွန့်ဆိုသူတွင် ရင်ဘတ် နှင့် ဝဲဘက် မျက်ခုံးတွင် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိပြီး ဦးနန္တော နှင့် ဦးစိုင်းအိုက်ထွမ်းတို့ နှစ်ဦးမှာ မိုင်းပေါက်ကွဲရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးထားပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~