ကျောက်မဲမြို့တွင် မတ်လ(၃၁)ရက်နေ့၌ စောင့်ကြည့် သံသယလူနာ (၂)ဦး ထပ်တိုး

ကျောက်မဲမြို့တွင် မတ်လ(၃၁)ရက်နေ့၌ စောင့်ကြည့် သံသယလူနာ (၂)ဦး ထပ်တိုး
မတ် 31, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မတ်လ(၃၁)ရက်နေ့၌ စောင့်ကြည့် သံသယလူနာ (၂)ဦး ထပ်တိုး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် မတ်လ (၃၁) ရက်နေ့ ညနေပိုင်းက Covid-19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာကြောင်း သိရသည်။

“ သံသယလူနာ (၂) ဦး ထပ်တိုးပါတယ်”ဟု ကျောက်မဲ ခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မိုးထွန်းက တာချီလိတ် သတင်းအေဂျင်စီသို့ မတ်လ (၃၁) ရက်နေ့ ညနေ (၅) နာရီတွင် ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် မတ်လ (၂၈)ရက်နေ့က စောင့်ကြည့်လူနာ (၂)ဦး၊ မတ်လ (၂၉) ရက်နေ့က စောင့်ကြည့်လူနာ (၁)ဦး၊ မတ်လ (၃၁)ရက်နေ့က စောင့်ကြည့်လူနာ အမျိုးသား (၂)ဦး ထပ်တိုးလာခြင်းဖြစ်သည်။

အဆိုပါ စောင့်ကြည့်လူနာ (၂)ဦးမှာ ကျောက်မဲမြို့၊ ပန်လော့ကျေးရွာမှ အမျိုးသား (၂)ဦးဖြစ်ပြီး ကျောက်မဲ ပြည်သူ့ဆေးရုံသို့ အဖြူရောင်နှလုံးသား ပရဟိတ အသင်းမော်တော်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာများအနက် မတ်လ (၃၀)ရက်နေ့က အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရလူနာကို မတ်လ (၃၁)ရက်နေ့တွင် လားရှိုးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းထားပြီးဖြစ်သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~