ကျိုင်းတုံ ပညာရေးကောလိပ်တွင် ဒေသခံများကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ

ကျိုင်းတုံ ပညာရေးကောလိပ်တွင် ဒေသခံများကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ
မတ် 1, 2020
By Tachileik News Agency

ကျိုင်းတုံ ပညာရေးကောလိပ်တွင် ဒေသခံများကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပညာရေးကောလိပ်တွင် ၂၀၂၀ ခုနှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းအတွက် လျှောက်ထားသူ (၁,၀၀၇)ဦးအနက် ဒေသခံ (၉၅) ဦးကို ဦးစားပေးရွေးချယ်ပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြတောင်းဆိုထားသည်။

တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့က ပညာရေးဝန်ထမ်းများအတွက် ပုဂ္ဂလိက အလှူရှင် လှူဒါန်းထားသည့် ဝန်ထမ်းအိမ်ယာသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က တင်ပြခဲ့ခြင်းဖြစ်သည်။     

ဘာသာစကား အခက်အခဲအတွက်က ဒီကလေးတွေခန့်လိုက်ရင် အများကြီးအကျိုးရှိပါတယ်။ ဒေသခံကို ဦးစားပေးတဲ့စနစ် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒနဲ့လည်း ကိုက်ညီလို့ ကျွန်တော်တို့ တင်ပြတာဖြစ်ပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်တွင် မိုင်းတုံမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့စဉ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ဒေသခံကျောင်းသူတစ်ဦးမှ တိုင်းရင်းသားတောင်ပေါ်ဒေသများရှိ ကျောင်းသားကျောင်းသူများမှာ ဘာသာစကားအခက်အခဲကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများနှင့် အခြားအရည်အချင်းစစ် စာမေးပွဲများတွင် အားနည်းချက်များရှိနေသဖြင့် ထည့်သွင်းစဉ်းစားပေးရန်တင်ပြခဲ့ရာ မူဝါဒတစ်ခုချမှတ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။
       

အခက်အခဲရှိတယ်၊ လိုအပ်ချက်ရှိတယ်ဆိုတဲ့ ဒေသတွေကို အဓိက ကူညီပံ့ပိုးပေးနေပါတယ်။ သူတို့တွေ လိုအပ်တဲ့အတွက် ကျွန်တော်တို့ ဆရာ၊ ဆရာမ ခန့်ပေးတယ်ဆိုလည်း ဒေသခံကို ဦးစားပေးပြီးတော့မှ ခန့်တယ်။ သို့သော် Qualify Teacher တွေ ဖြစ်အောင် ပြုစုပျိုးထောင်တယ်။ (၄) တန်းအောင်ရင် Language Teacher စပေးတယ်။ တစ်လကို (၃၀,၀၀၀) ပေါ့။ (၉) တန်းအောင်ရင် Teacher Assistance ပေါ့။ တစ်နေ့ကို (၄,၈၀၀) နဲ့ကျောင်းတက်သလောက်ကို ထုတ်ပေးတယ်။ သူတို့တွေကိုလည်း ကျွန်တော်တို့ ဖတ်စာအုပ်သစ်တွေ အတွက် သင်တန်းတွေမှာ နှစ်စဉ်သင်တန်းပေးတယ်။ ပြီးရင် ပညာရေးကောလိပ်တက်ဖို့၊ ပညာရေးတက္ကသိုလ်တက်ဖို့ ဒေသခံတွေကို ဦးစားပေးပြီးလုပ်ပေးတယ်

ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ပညာရေးကောလိပ်တွင် ၂၀၂၀ ခုနှစ်တွင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းတွင် သင်တန်းသား (၂၀၀) ဦးကို လက်ခံသင်ကြားပေးမည်ဖြစ်ရာ လက်ရှိလျှောက်လွှ ာတင်ထားသူများအနက် ရှမ်းပြည်နယ်မှ (၉၅) ဦး၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လျှောက်ထားသူ (၁,၀၀၇) ဦးရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~