ကိုရိုနာဗိုင်းရပ်စ် ကြောင့် တာချီလိတ်ရှိ ရှမ်းရိုးမကွင်းညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး ဧပြီလကုန်အထိ ပိတ်ထားရမည်

ကိုရိုနာဗိုင်းရပ်စ် ကြောင့် တာချီလိတ်ရှိ ရှမ်းရိုးမကွင်းညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး ဧပြီလကုန်အထိ ပိတ်ထားရမည်
မတ် 29, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကြောင့် တာချီလိတ်ရှိ ရှမ်းရိုးမကွင်းညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး ဧပြီလကုန်အထိ ပိတ်ထားရမည်

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန်  နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေးအပါအဝင် လမ်းဘေးတစ်လျှောက် ညဈေးရောင်းချနေသည့် ဆိုင်တန်းများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစ၍ ရောင်းချခွင့်မပေးတော့ဘဲ စားသောက်ဆိုင်ခန်းများတွင်လည်း ပါဆယ်ရောင်းချခွင့်သာ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှာ ညဈေးအဖြစ်ရှိနေတဲ့ ရှမ်းရိုးမကွင်း၊ တံတား (၁)၊ တံတား(၂)အပါအဝင် မိန်းလမ်းမကြီးတစ်လျှောက် ရောင်းချနေတဲ့ ညဈေးတွေ အပါအဝင်ပါပဲခင်ဗျ။ လူစုလူဝေးလို ဖြစ်နိုင်တဲ့ ညဈေးတွေကို အဓိက တားတာပေါ့။ ဒါတွေနဲ့ဆက်စပ်ပြီး လူစုလူဝေးဖြစ်စေတယ်ဆိုရင် လမ်းပေါ်လိုက် ရောင်းချတာတွေကို ထိန်းချုပ်မှာပေါ့။ ဆိုင်ခန်းတွေမှာတော့ ဆိုင်ထိုင်မရောင်းချဘဲ ပါဆယ်ပဲ ရောင်းချဖို့ စည်ပင်က ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျရောင်းချရမှာပါ

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ရှမ်းရိုးမကွင်းအတွင်း နှင့် ကွင်းပြင်ရှိ ညဈေး၊ ချစ်ကြည်ရေးတံတား(၁) နှင့်(၂) တစ်လျှောက်ရှိ ညဈေးသည်များ၊ တာချီလိတ်ရွှေတိဂုံရှိ ညဈေးများ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ညဈေး နှင့် ညဈေးဆိုင်များအားလုံးသည် မတ်လ(၂၉)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချြခင်း မပြုရန် အသိပေးထားခြင်း ဖြစ်သည်။

COVID 19 ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ညဈေးများ၊ ဈေးတန်းများကို ဧပြီလ (၃၀)ရက်နေ့အထိ ယာယီပိတ်သိမ်းခိုင်းမည်ဖြစ်သော်လည်း စည်ပင်သာယာဌာနပိုင်ဈေးများအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ (၂၈)ရက်နေ့အထိ အတည်ပြုလူနာ (၈)ဦး တွေ့ရှိထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~