နယ်စပ်ဒေသ တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်

နယ်စပ်ဒေသ တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်
မတ် 29, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အများပြည်သူ လိုက်နာရမည့် အချက် (၁၁) ချက်ကို ထုတ်ပြန်လိုက်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ဒေသန္တရအမိန့်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၌ ထုတ်ပြန်သည်။

ပြည်ပမှ ပြန်ရောက်လာသူ မည်သူမဆို နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးရန်၊ လိုအပ်ပါက ကုသမှုခံယူရန်၊ (၁၄)ရက်သီးခြားစောင့်ကြည့်နေထိုင်ရန်၊ ကာကွယ်ရေးထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာရန်၊ ပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန်၊ မမှန်သတင်း ကောလဟာလများ ဖန်တီးဖြန့်ဝေခြင်းမပြုရန်၊ စားသောက်ဆိုင်အားလုံး ဆိုင်ထိုင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်၊ မည်သည့် လူစုလူဝေးပွဲ၊ အခမ်းအနားများကိုမှ ကျင်းပခြင်းမပြုရန်၊ KTV၊ CLUB၊ Bar များ ပိတ်ရန်၊ ကျောင်းများ၊ သင်တန်းများ၊ ဘာသာရေးပွဲများ မလုပ်ရန်၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကစားရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အမိန့်သည် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~