ကင်ဆာဝေဒနာ ကုသနေသည့် မြန်မာနိုင်ငံ၏ (၅)ဦးမြောက် COVID 19 အတည်ပြု အမျိုးသားလူနာဖြစ်သူ မတ်လ(၃၁)ရက်နေ့တွင် သေဆုံး

ကင်ဆာဝေဒနာ ကုသနေသည့် မြန်မာနိုင်ငံ၏ (၅)ဦးမြောက် COVID 19 အတည်ပြု အမျိုးသားလူနာဖြစ်သူ မတ်လ(၃၁)ရက်နေ့တွင် သေဆုံး
မတ် 31, 2020
By Tachileik News Agency

ကင်ဆာဝေဒနာ ကုသနေသည့် မြန်မာနိုင်ငံ၏ (၅)ဦးမြောက် COVID 19 အတည်ပြု အမျိုးသားလူနာဖြစ်သူ မတ်လ(၃၁)ရက်နေ့တွင် သေဆုံး 

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၁၄)ဦးရှိသည့်အနက် (၅)ဦးမြောက် အတည်ပြုလူနာ ကင်ဆာဝေဒနာရှင်မှာ နံနက် (၇)နာရီ (၂၅)မိနစ်တွင် သေဆုံးသွားကြောင်း ကုသရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါလူနာသည် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သွေးအဆိပ်တက်ခြင်း၊ COVID-19 နှင့် ပြင်းထန်နမိုးနီးယားခံစားရခြင်း၊ နဂိုရောဂါအခံဖြစ်သည့် နှာခေါင်းကင်ဆာနှင့် ဓာတ်ရောင်ခြည်ကုသမှုခံယူရခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် အမျိုးသားဖြစ်ပြီး မတ်လ (၂၇) ရက်နေ့က COVID 19 ဓါတ်ခွဲအတည်ပြုလူနာ (၂)ဦးမှဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရင်း သံသယလက္ခဏာများတွေ့ရသဖြင့် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်းသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ်လ (၁၄)ရက်နေ့၌ မြန်မာနိုင်ငံသို့ပြန်ရောက်ကာ မတ်လ (၁၈)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပွားခဲ့သဖြင့် မတ်လ (၂၅)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ခန်းတွင် ထားရှိကုသပေးခဲ့ကာ မတ်လ (၂၆)ရက်နေ့တွင် ဓါတ်ခွဲနမူနာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာနှင့် အနီးကပ်နေခဲ့သည့် အသက် (၄၅)နှစ်အရွယ် အမျိုးသားကို မတ်လ (၂၈)ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးရာ COVID 19 အတည်ပြုလူနာအဖြစ် မတ်လ (၂၉)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိထားခြင်းဖြစ်သည်။

COVID 19 အတည်ပြုလူနာ (၁၄)ဦးကို ဝေဘာဂီအထူးကုဆေးရုံ၊ နေပြည်တော်ရှိ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံ၊ ကန်တော်နဒီဆေးရုံ၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျောက်မဲပြည်သူ့ဆေးရုံတို့တွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~