မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦး တိုးလာ၍ (၅)ဦးအထိရှိလာ၊ တာချီလိတ်မှ ဓါတ်ခွဲအဖြေ ပိုးမတွေ့မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦး တိုးလာ၍ (၅)ဦးအထိရှိလာ၊ တာချီလိတ်မှ ဓါတ်ခွဲအဖြေ ပိုးမတွေ့

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦး တိုးလာ၍ (၅)ဦးအထိရှိလာ၊ တာချီလိတ်မှ ဓါတ်ခွဲအဖြေ ပိုးမတွေ့မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦး တိုးလာ၍ (၅)ဦးအထိရှိလာ၊ တာချီလိတ်မှ ဓါတ်ခွဲအဖြေ ပိုးမတွေ့
မတ် 27, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦး တိုးလာ၍ (၅)ဦးအထိရှိလာ၊ တာချီလိတ်မှ ဓါတ်ခွဲအဖြေ ပိုးမတွေ့

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးထပ်တိုးကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ နံနက် (၁)နာရီ (၄၅)မိနစ်အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သဖြင့် စုစုပေါင်း အတည်ပြုလူနာ (၅)ဦးရှိပြီဖြစ်သည်။

ထပ်မံအတည်ပြုလာသည့် လူနာနှစ်ဦးမှာ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ (၂၅)ရက်နေ့က စောင့်ကြည့်လူနာအဖြစ် ကုသပေးနေသည့် အသက် (၃၃)နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၂၅)ရက်နေ့က ကုသမှုခံယူနေသည့် အသက် (၆၉)နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြသည်။

အဆိုပါ (၂)ဦးမှာ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် စင်္ကာပူနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသူများဖြစ်ကြောင်း သိရသည်။

ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးမှာ  မတ်လ (၂၃)ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်ကုသမှုခံယူနေသည့် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသော အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေသည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသော အသက် (၂၆)နှစ်အရွယ် အမျိုးသားလူနာတို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ ပြန်လာသည့် အမျိုးသားမှာ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မတ်လ (၂၁)ရက်နေ့ကတည်းက စတင်ကုသမှုခံယူနေပြီး အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားမှာ ဝေဘာဂီအထူးကုဆေးရုံ၌ မတ်လ (၂၃)ရက်နေ့ကစ၍ ကုသမှုခံယူနေသူဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတ်လ (၂၄)ရက်နေ့တွင် တတိယမြောက် အတည်ပြုလူနာအဖြစ်တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် မတ်လ (၂၁)ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ကာ ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ်လ(၂၃) ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ ကုသပေးကာ မတ်လ (၂၄)ရက်နေ့၌ ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~