တာချီလိတ်ရှိ အဝေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

တာချီလိတ်ရှိ အဝေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း
မတ် 26, 2020
By Tachileik News Agency

တာချီလိတ်ရှိ အဝေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း (ကားလေးကွင်း)တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ ညပိုင်းက ဆောင်ရွက်ထားသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အဝေးပြေးယာဉ်ရပ်နားစခန်း(ကားလေးကွင်း)တွင်
မြို့နယ်ကျန်းမာရေးဌာန၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း‌ရေးအဖွဲ့ နှင့် မင်းခေတ်သစ်ကုမ္ပဏီတို့ဖြင့် ပူးပေါင်း၍ ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆေးဖြန်းရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး အပါအဝင် တာဝန်ရှိသူများမှ စောင့်ကြပ်ကြည့်ရှုခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု မြန်ဆန်နေ၍ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁)အား ထိုင်းဘက်က ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာအလုပ်သမားများ (၄)ရက်အတွင်း (၁၅၀၀)ကျော် ရောက်ရှိလာခဲ့ပြီး ပြန်ရောက်သူ အချို့မှာ ယာဉ်လိုင်းများဖြင့် ပြန်ကြသည်များလည်းရှိသည့်အတွက် ရောဂါပိုးများ ကူးစက်မှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မတ်လ (၂၆)ရက်နေ့အထိ စောင့်ကြည့်လူနာ (၁၇)ဦးအနက် ဓါတ်ခွဲခန်းအဖြေရထားပြီးသူ (၁၄)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေရရှိထားပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းဆဲလူနာ (၃)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~