အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် ကိုရိုနာဗိုင်းရပ်စ် ကွန်ဖရန့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်း

မတ် 11, 2020
By Tachileik News Agency

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် ကိုရိုနာဗိုင်းရပ်စ် ကွန်ဖရန့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်း

အမေရိကန်ပြည်ထောင်စု နယူးယော့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၌ ကျင်းပရန် လျာထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း စီးပွားရေးလုပ်ဆောင်ခြင်း စားပွဲဝိုင်းဆွေးနွေးပွဲကို နယူးယော့တွင် ဗိုင်းရပ်စ် ကူးစက်နေသည့် အခြေအနေကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

CFR (Council on Foreign Relations) က နယူးယော့၊ ဝါရှင်တန်နှင့် အမေရိကန်ပြည်ထောင်စုတဝှမ်းတွင် မတ်လ (၁၁)ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ ကျင်းပရန်စီစဉ်ထားသည့် ဆွေးနွေးပွဲ နှင့် ပွဲလမ်းသဘင်များကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

နယူးယော့တွင် နှစ်စဉ်ကျင်းပသည့် မော်တော်ယာဉ်ပြပွဲ အပါအဝင် ပွဲလမ်းသဘင်များကို ရက်ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ တွေ့လာသည့်အတွက် လူဦးရေ (၁) သန်းနီးပါး တက်ရောက်မည့် အခမ်းအနားပေါင်း (၅၀)ထက်မနည်းကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၁,၀၃၇)ဦးရှိနေပြီး သေဆုံးသူ (၂၈)ဦးရှိကြောင်း John Hopkins ၏ အချက်အလက်စုဆောင်းသည့် မှတ်တမ်းအရ သိရသည်။

 Tachileik News Agency
Source: Bloomberg

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~