COVID 19 ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ထိုင်း AirAsia က ပြည်တွင်းခရီးစဉ်များ ဧပြီလ(၁)ရက်နေ့က စ၍ တစ်လယာယီရပ်နားမည်

COVID 19 ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ထိုင်း AirAsia က ပြည်တွင်းခရီးစဉ်များ ဧပြီလ(၁)ရက်နေ့က စ၍ တစ်လယာယီရပ်နားမည်
မတ် 28, 2020
By Tachileik News Agency

COVID 19 ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ထိုင်း AirAsia က ပြည်တွင်းခရီးစဉ်များ ဧပြီလ(၁)ရက်နေ့က စ၍ တစ်လယာယီရပ်နားမည်

ထိုင်းနိုင်ငံတွင်း ဝင်ထွက်သွားလာမှုများ ဖြတ်တောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေရာ ထိုင်းအဲအေးရှားက ပြည်တွင်းလေကြောင်း ခရီးစဉ်အားလုံးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအဲအေးရှားအနေဖြင့် အစိုးရ၏ ရောဂါထိန်းချုပ်ရေးကြိုးပမ်းမှုကို ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ရောဂါပိုးသယ်ဆောင်ထားသူ သွားလာရာလမ်းကြောင်းတလျှောက်နှင့် ထိတွေ့သည့် လူ၊ ပစ္စည်းများတွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နိုင်သဖြင့် ထိုင်းနိုင်ငံက နိုင်ငံအတွင်း လူအဝင်အထွက် ပြုလုပ်ခြင်းကို ပိတ်ပင်ထားသည့်အပြင် မြို့အချို့ကို အဝင်အထွက်ကန့်သတ်ခြင်း၊ အဝေးပြေးယာဉ်လိုင်းများ ရပ်နားခြင်း၊ လမ်းတွင်သွားလာနေသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးသည့်ဂိတ်များ ဖွင့်လိုက်ပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က စစ်ဆေးပေးခြင်း၊ လူစုလူဝေးဖြစ်သည့်နေရာအားလုံး ပိတ်လိုက်ခြင်းအပြင် နိုင်ငံတော်အရေးပေါ်အခြေအနေကို တစ်လကြေညာထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း နှစ်ပတ်တာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာအရေအတွက် (၂၀၀၀)အထိ တက်လာဖွယ်ရှိသည်ဟု ကျန်းမာရေးပညာရှင်များက ခန့်မှန်းထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်သည့် ဗိုင်းရပ်စ်အသစ် ကိုရိုနာဗိုင်းရပ်စ် - COVID 19 ကာကွယ်ဆေး၊ ကုသဆေး ထုတ်လုပ်နိုင်ရန် ကြိုးစားနေရဆဲအခြေအနေတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုနည်းနိုင်သမျှ နည်းစေရန် လူများအတတ်နိုင်ဆုံး အိမ်တွင်နေထိုင်စေခြင်းဖြင့် အသွားအလာကန့်သတ်ခြင်းတို့ လုပ်ဆောင်နေရသဖြင့် ကမ္ဘာ့လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို လျှော့ချနေကြရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ဇာနှင်း
Ref:Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~