တာချီလိတ်လေဆိပ်တွင် ကျန်းမာရေး နှင့် လူမှုရေးအသင်းတို့ ပူးပေါင်းကာ COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

တာချီလိတ်လေဆိပ်တွင် ကျန်းမာရေး နှင့် လူမှုရေးအသင်းတို့ ပူးပေါင်းကာ COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း
မတ် 26, 2020
By Tachileik News Agency

တာချီလိတ်လေဆိပ်တွင် ကျန်းမာရေး နှင့် လူမှုရေးအသင်းတို့ ပူးပေါင်းကာ COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ ညပိုင်းက ဆောင်ရွက်ကြသည်။

ကျန်းမာရေးဦးစီးဌာန၊ မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် အလင်းရောင်ပရဟိတအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများနေသည့် ထိုင်းနိုင်ငံနှင့် ကူးလူးဆက်ဆံမှုများသည့် တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)၊ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)စသည့် နေရာများတွင်လည်းဆေးဖြန်းခဲ့ပြီးနောက် လေဆိပ် နှင့် အဝေးပြေးကားကွင်းတို့တွင် ဆက်လက်၍ ဆေးဖြန်းခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု မြန်ဆန်နေ၍ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁)အား ထိုင်းဘက်က ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာအလုပ်သမားများ (၄)ရက်အတွင်း (၁၅၀၀)ကျော် ရောက်ရှိလာခဲ့ပြီး ပြန်ရောက်သူ အချို့မှာ လေကြောင်းလိုင်းများဖြင့် ပြန်ကြသည်များလည်းရှိသည့်အတွက် ရောဂါပိုးများ ကူးစက်မှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~