တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းရိုင်လေဆိပ်တွင် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် စီမံထား

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းရိုင်လေဆိပ်တွင် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် စီမံထား
မတ် 26, 2020
By Tachileik News Agency

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းရိုင်လေဆိပ်တွင် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် စီမံထား

တာချီလိတ်နှင့် သိပ်မဝေးသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ရေးအတွက် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၃)ပေအကွာတွင် နေထိုင်ရန်အတွက် ခရီးသည်များစောင့်ဆိုင်းသည့် ခုံများကို နေရာသတ်မှတ်ပေးခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့က စတင်ဆောင်ရွက်ထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ လူထုအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိရရှိစေရန်ဖြစ်ပြီး လေဆိပ်အပြင် အများပြည်သူဆိုင်ရာ နေရာများတွင် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေသည့်အလေ့အကျင့်အတွက် ပြင်ဆင်ထားကြောင်း သိရသည်။

ယင်းအပြင် လေဆိပ်အတွင်း ပိုးသတ် သန့်ရှင်းခြင်းကိုလည်း ဆောင်ရွက်နေပြီး လေဆိပ်ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအသိပညာပေးခြင်းများကိုလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

လေဆိပ်တွင် ခရီးသည်များ၊ ဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များ ထားပေးခြင်းများကိုလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွက် မတ်လ(၂၆)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်အထိ COVID-19 ကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း (၁၀၄၅)ဦးကြောင်းနှင့် သေဆုံးသူ(၄)ဦးရှိကြောင်း သိရှိရသည်။

Tachileik News Agency
Photo: AOT


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~