မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၂)ဦး ထပ်တိုး၍ အတည်ပြု လူနာ (၁၀)ဦးရှိလာ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၂)ဦး ထပ်တိုး၍ အတည်ပြု လူနာ (၁၀)ဦးရှိလာ
မတ် 29, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၂)ဦး ထပ်တိုး၍ အတည်ပြု လူနာ (၁၀)ဦးရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ ညပိုင်းက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂)ဦး ထပ်တိုးလာ၍ အတည်ပြုလူနာစုစုပေါင်း (၁၀)ဦး ရှိလာပြီဖြစ်သည်။

အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာတစ်ဦးမှာ မြဝတီနယ်စပ်မှ ဝင်လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်အမျိုးသားတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ ယခင်အတည်ပြုလူနာနှင့် အနီးကပ်နေခဲ့သည့် အမျိုးသားဖြစ်ကြောင်း သိရသည်။

(၉)ယောက်မြောက် အတည်ပြုလူနာအမျိုးသားမှာ ထိုင်းနိုင်ငံမှနေ၍ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်သို့ မတ်လ (၂၃)ရက်နေ့တွင် မြဝတီနယ်စပ်မှတစ်ဆင့် ဝင်လာခဲ့သူဖြစ်ပြီး မတ်လ (၂၆)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲ အတည်ပြုလူနာ (၁၀)ယောက်မြောက်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက်  မတ်လ(၂၈) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အတည်ပြုလူနာ (၈)ဦးကို တီးတိန်ပြည်သူ့ဆေးရုံ၊ ကန်တော်နဒီဆေးရုံနှင့် ဝေဘာဂီအထူးကုဆေးရုံတို့တွင် ထားရှိကုသပေးနေပြီး (၆)ဦးမှာ အခြေအနေတည်ငြိမ်နေရာ (၂)ဦးကို အထူးကြပ်မတ်ကုသနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

အသစ်တွေ့ရှိရသည့် အတည်ပြုလူနာများကိုလည်း ဝေဘာဂီအထူးကုဆေးရုံတွင် ထားရှိကုသမည်ဖြစ်ပြီး အခြေအနေကောင်းမွန်နေသည်ဟု သတင်းထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က မတ်လ(၂၉) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲအဖြေများအနက် လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ ရပြီး ကျန်လူနာ (၈၀) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~