မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတွင် တာချီလိတ်မှ မူကြိုကျောင်းနှင့် မိခင်ဝိုင်းများမှ ကလေးငယ် ၁၇၀ ပါဝင်ဆင်နွှဲ

ဖေဖော်ဝါရီ 13, 2020
By 🌸

မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတွင် တာချီလိတ်မှ မူကြိုကျောင်းနှင့် မိခင်ဝိုင်းများမှ ကလေးငယ် ၁၇၀ ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် မူကြိုကျောင်း များနှင့် မိခင်ဝိုင်းများမှ ကလေးငယ်များအတွက် အားကစားပြိုင်ပွဲများ ပါဝင်သည့်အခမ်းအနားကို မြို့မအားကစားခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ တာချီလိတ် မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ မိခင်ဝိုင်းနှင့် ပရဟိတကျောင်းများမှ ကလေးငယ်ပေါင်း (၁၇၀)ဦး ပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားအတွင် ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ တာချီလိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦး မှကလေးသူငယ်နှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များအား တက်ရောက်လာသူများကို ရှင်းလင်းပြောကြားသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~