ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး မကွေးဆေးရုံတွင် ကုသမှုခံယူစဉ် သွေးဆိပ်တက်သေဆုံးကြောင်း သတင်းထုတ်ပြန်

ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး မကွေးဆေးရုံတွင် ကုသမှုခံယူစဉ် သွေးဆိပ်တက်သေဆုံးကြောင်း သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 10, 2020
By 🌸

ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး မကွေးဆေးရုံတွင် ကုသမှုခံယူစဉ် သွေးဆိပ်တက်သေဆုံးကြောင်း သတင်းထုတ်ပြန်

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် တောင်တွင်းကြီးမြို့နယ်မှ အသက်(၂၇)နှစ် အရွယ် ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉)ရက်နေ့က နာတာရှည် သွေးလေးဖက်နာကြောင့် သွေးဆိပ်တက်သေဆုံးသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့်နှစ်လကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင်  ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် မောခြင်းရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖေါ်ဝါရီလ (၉)ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်တွင် တက်ရောက်ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လူနာမှာ သွေးပေါင်ချိန် ကျဆင်းကာ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများအားတွေ့ရသဖြင့် နံနက်(၇)နာရီခွဲတွင် မကွေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပို့ ကုသမှုများ ပေးနေစဉ် နံနက် (၁၁)နာရီ (၁၅) မိနစ်ဝန်းကျင်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လူနာတွင် နာတာရှည်ရောဂါဖြစ်သော အရေပြားလေးဖက်နာ (Systemic Lupus Erythematosus – SLE) ရောဂါဖြစ်ပွားနေသည်မှာ (၃) နှစ်ခန့်ရှိပြီ ဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကလည်း အဆိုပါ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ဖူးသော ရာဇဝင်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်မှာ (၂) လခန့် ကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့် (2019 – nCoV) Virus ၏ အများဆုံးရောဂါပျိုးရက်ဖြစ်သော (၁၄) ထက် ကျော်လွန်ပြီဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော 2019 Novel Coronavirus (2019-nCoV) သံသယလူနာ၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~