မိုင်းခတ်မြို့နယ်အတွင်း အထူးဒေသ (၂) ရှိ အင်ဝမ်မတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် စုစုပေါင်း (၆၀) မီးလောင်ဆုံးရှုံး

မိုင်းခတ်မြို့နယ်အတွင်း အထူးဒေသ (၂) ရှိ အင်ဝမ်မတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် စုစုပေါင်း (၆၀) မီးလောင်ဆုံးရှုံး
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
မိုင်းခတ်မြို့နယ်အတွင်း အထူးဒေသ (၂) ရှိ အင်ဝမ်မတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် စုစုပေါင်း (၆၀) မီးလောင်ဆုံးရှုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း အထူးဒေသ (၂) ရှိ၊ ဝမ်မိုင်ကျေးရွာအုပ်စုရှိ အင်ဝမ်မတ်ကျေးရွာတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး (၆၀) မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးမွှေးထားခဲ့ပြီးတော့ တောင်ယာသွားတာပေါ့။ အိမ်မှာလူမရှိပဲ မီးကြွင်း၊ မီးကျန်ကနေ စလောင်တာ။ ဒီကနေ လမ်းခရီးကလည်းဝေးတယ်။ လမ်းကလည်းကြမ်းတယ်။ (၂၄) မိုင်လောက်ဝေးတာပေါ့။ တောင်ပေါ်လမ်းဆိုတော့ သွားရတာခက်ခဲတယ်။ လမ်းလည်းကြမ်းတယ်။ အထူးဒေသ (၂) လည်းဖြစ်တယ်။ တစ်ရွာလုံးနီးပါးလောက် လောင်သွားတာပေါ့

ဟု မိုင်းခတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ကိုလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထူးဒေသ (၂) ရှိ အင်ဝမ်မတ်ကျေးရွာတွင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီ (၁၅) မိနစ်ခန့်က အိုက်ယံဆိုသူ၏ နေအိမ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးမှ သွားရောက်ကူညီငြိမ်းသတ်ခဲ့ရပြီး ညနေ (၃) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၇၃)လုံးရှိရာ နေအိမ် စုစုပေါင်း (၆၀)မှာ မီးလောင်းဆုံးရှုံးခဲ့ရသည့်အတွက် မီးဘေးသင့် ပြည်သူ (၃၆၃)ဦးမှာ မီးဘေးသင့်ခဲ့ရသည့်အတွက် ပြန်လည်ထူထောင်ရေး အကူညီလိုအပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~