တာချီလိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းကျင်းပ

တာချီလိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းကျင်းပ
ဖေဖော်ဝါရီ 13, 2020
By 🌸

တာချီလိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ အောင်မြတ်ခန်းမ၌ အခမ်းအနားကျင်းပသည်။

 အဆိုပါအခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ဆုချီးမြှင့်သည်။

အထက တာချီလိတ်ကျောင်း၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆန်းမွန်းလိုက် ကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ ကျောင်းသူ ကျောင်းသားများနှင့် တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့ကလည်း ဖျော်ဖြေတင်ဆက်မှုများဖြင့် ပါဝင်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲမှ ဆုရရှိသူ (၅)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦးတို့အား ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ကြသည်။

အခမ်းအနားသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်နှင်းရည်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~