ရှမ်းပြည်နယ်အတွင်း ကိုရိုနားဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၈)ဦးတွင် ဗိုင်းရပ်စ်ကင်းရှင်းကြောင်း (၅)ဦး ဓါတ်ခွဲအဖြေရရှိ၊ ကျန်(၃)ဦး၏ အဖြေ ဆက်လက်စောင့်ဆိုင်းရှမ်းပြည်နယ်အတွင်း ကိုရိုနားဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၈)ဦးတွင် ဗိုင်းရပ်စ်ကင်းရှင်းကြောင်း (၅)ဦး ဓါတ်ခွဲအဖြေရရှိ၊ ကျန်(၃)ဦး၏ အဖြေ ဆက်လက်စောင့်ဆိုင်း

ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း ကိုရိုနားဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၈)ဦးတွင် ဗိုင်းရပ်စ်ကင်းရှင်းကြောင်း (၅)ဦး ဓါတ်ခွဲအဖြေရရှိ၊ ကျန်(၃)ဦး၏ အဖြေ ဆက်လက်စောင့်ဆိုင်း

ရှမ်းပြည်နယ်အတွင်းမှ COVID 19 (ကိုရိုနာဗိုင်းရပ်စ်)သံသယဖြင့် ဓါတ်ခွဲပို့စစ်ထားသည့် လူနာ (၈)ဦးအနက် ဓါတ်ခွဲအဖြေပြန်ကြားလာပြီဖြစ်သည့် လူနာ(၅)ဦးတွင် ဗိုင်းရပ်စ်မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိထားပြီ ဖြစစ်သော်လည်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့အထိ ဓါတ်ခွဲအဖြေစောင့်နေသည့် လူနာ (၃) ဦးကျန်ရှိသေးကြောင်း သိရသည်။

 “စဝ်စံထွန်းမှာ ရောက်နေတဲ့ ဘန်းယဉ်က case ရယ်၊ မောက်မယ်က case ရယ်က negative ပြတယ်။ ကျွန်တော်တို့ဆီမှာ ကျန်တာက လားရှိုးဆေးရုံမှာ နှစ်ယောက်နဲ့ မိုင်းခတ်ဆေးရုံက တစ်ယောက် စုစုပေါင်း (၃)ယောက်ပဲကျန်တယ်”

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် သံသယဖြင့် ဓါတ်ခွဲခန်းပို့စစ်ထားသည့် မောက်မယ်မြို့နယ်ဆေးရုံမှ (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊ (၄၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ (၁၉) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ (၁၆) နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ  ဗိုင်းရပ်စ်ပိုးမတွေ့ရကြောင်း WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး)၏ ရည်ညွှန်းဓါတ်ခွဲခန်းမှ ပြန်လည်ပေးပို့သည့် ဓါတ်ခွဲအဖြေကို ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ညနေပိုင်းက ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် COVID 19 ဗိုင်းရပ်စ်ပိုး အသစ်ကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုမှာ တရုတ်နိုင်ငံတွင်သာမက ရောဂါကူးစက်ပျံ့ပွားစဉ် ကာလအတွင်း ဝူဟန်မြို့သို့ ရောက်ခဲ့သူများနှင့် ဝူဟန်မှအခြားဒေသသို့ သွားလာလည်ပတ်သူများမှတစ်ဆင့် အခြားနိုင်ငံများသို့ပါ ကူးစက်ခဲ့သဖြင့် ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားခဲ့ရခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကြေညာထားသဖြင့် COVID 19 အားထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံချင်း ဖြေရှင်းခြင်းအစား ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဖြေရှင်းနေကြခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ပိုးအသစ်ကို ဓါတ်ခွဲစစ်ဆေးနိုင်မည့် ဓါတ်ခွဲခန်းမရှိသည့်နိုင်ငံများအနေဖြင့် WHO က ရည်ညွှန်းထားသည့် ဓါတ်ခွဲခန်းများသို့ ဓါတ်ခွဲနမူနာပို့စစ်နေခြင်းဖြစ်သည်။

 ကူးစက်မြန်သည့် COVID 19 (ကိုရိုနာဗိုင်းရပ်စ်)သည် နိုင်ငံပေါင်း(၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နေ့လည်(၁၂)နာရီ အချိန်အထိ ကူးစက်မှု စုစုပေါင်းမှာ (၆၇,၀၈၈)ဦး ရှိပြီး သေဆုံးသူမှာ (၁,၅၂၆)ဦး ရှိလာကြောင်း သိရသည်။

Tachileik News Agency
သတင်း - အင်မိုင်ခ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~