ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ကူးစက်ခံရသူ နှင့် သက်သာပျောက်ကင်းသူ မြှင့်တက်

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ကူးစက်ခံရသူ နှင့် သက်သာပျောက်ကင်းသူ မြှင့်တက်
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ကူးစက်ခံရသူ နှင့် သက်သာပျောက်ကင်းသူ  မြှင့်တက်

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်(9)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး ကူးစက်ခံရသူ တိုးပွားလာသည်နှင့်အညီ သက်သာပျောက်ကင်းသူမှာလည်း (၃,၃၀၀)ကျော်အထိ ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီအထိ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာမှာ (၄၀,၅၅၄)ဦးအထိ ရှိလာပြီး သက်သာပျောက်ကင်းသူမှာ (၃,၃၄၂)ရှိသော်လည်း သေဆုံးသူမှာ (၉၁၀)ဦး ရှိလာသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~