နယ်စပ်မြို့ တာချီလိတ်တွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေဖမ်းဆီးစဉ် သေနတ်ဖြင့် ခုခံသည့် ထိုင်းနိုင်ငံသားကို အသေဖမ်းဆီးရမိ

နယ်စပ်မြို့ တာချီလိတ်တွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေဖမ်းဆီးစဉ် သေနတ်ဖြင့် ခုခံသည့် ထိုင်းနိုင်ငံသားကို အသေဖမ်းဆီးရမိ
ဖေဖော်ဝါရီ 22, 2020
By 🌸

နယ်စပ်မြို့ တာချီလိတ်တွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေဖမ်းဆီးစဉ် သေနတ်ဖြင့် ခုခံသည့် ထိုင်းနိုင်ငံသားကို အသေဖမ်းဆီးရမိ

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့ နံနက်ပိုင်းက မူးယစ်သတင်းရနေအိမ်အား ဝင်ရောက် ရှာဖွေသည့် ရဲတပ်ဖွဲ့အား ခုခံပစ်ခတ်ရန်ကြိုးစားသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ တစ်ဦးအသေဖမ်းမိကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်တွင် ထိုင်းနိုင်ငံသားများအား ငှားရမ်းထားသည့် နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က နံနက်အစောပိုင်း၌ မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား (၁) ဦးက ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ခုခံပစ်ခတ်ရန်ပြင်ဆင်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်အတွင်းမှ သေဆုံးသူအပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးနှင့် မြန်မာနိုင်ငံသား (၁)ဦး စုစုပေါင်း (၄)ဦးကို စိတ်ကြွဆေးပြား (၈၀၆)ပြား၊ ပစ္စတို သေနတ်တစ်လက်နှင့် ကျည် (၈)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဝင်ရောက်ဖမ်းဆီးသည့်နေအိမ်မှ သေဆုံးသွားသူအား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“မနက်က ကျွန်တော်တို့အသင်းကို ရဲတပ်ဖွဲ့က ဖုန်းဆက်လာလို့ သွားသယ်ပေးထားတာ။ အလောင်းကို သယ်ပြီး ဆေးရုံမှာ စစ်ဆေးဖို့ ပို့ပေးထားခဲ့ပါပြီ။ ရဲဝင်ဖမ်းတဲ့အချိန် သေနတ်နဲ့ပစ်ဖို့ကြိုးစားလို့ ပစ်ခံရတယ်လို့ပြောတယ် ”

ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများ ပါဝင်သည့်အဖွဲ့နှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ် ဂိုဒေါင်အတွင်းတွေ့ရသည့် Toyota MarkII အဖြူရောင် (၁) စီးနှင့် ISUZU DMAX အမျိုးအစား ဖြူ/နက်ကြား (၁) စီးတို့ကိုလည်း သိမ်းဆည်းထားပြီး အမှုဖွင့်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် လောင်းကစားနှိမ်နှင်းရေးနှင့် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရက် (၉၀) ကျားမင်းစီမံချက်ကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~