ချင်းတိုင်းရင်းသား တစ်သိန်းကျော်ရှိသည့် မကွေးတိုင်းဒေသကြီးတွင် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား တိုင်းဒေသကြီးအဆင့်အဖြစ် မကွေးမြို့တွင် ကျင်းပ

ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency
ချင်းတိုင်းရင်းသား တစ်သိန်းကျော်ရှိသည့် မကွေးတိုင်းဒေသကြီးတွင် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား တိုင်းဒေသကြီးအဆင့်အဖြစ် မကွေးမြို့တွင် ကျင်းပ

 ချင်းတိုင်းရင်းသား တစ်သိန်းကျော်ရှိသည့် မကွေးတိုင်းဒေသကြီးတွင် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား တိုင်းဒေသကြီးအဆင့် အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် မကွေးမြို့ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနား ကျင်းပရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သန်း (၂၀) ခွင့်ပြုပေးထားခဲ့ပြီး အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့က သဝဏ်လွှာပေးပို့ကာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း တက်ရောက်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားဦးရေ( ၁)သိန်း(၂)သောင်းခန့်ရှိသည့်အတွက် ချင်းတိုင်းရင်းသား အများစုနေထိုင်ရာ ငဖဲမြို့နယ်၌ ချင်းအမျိုးသားဆိုင်ရာ ပြတိုက်တည်ဆောက်ပေးရန်နှင့် ချင်းတိုင်းရင်းသားစာပေ သင်ကြားပေးနိုင်ရေးအတွက် နေ့စားလပေးဆရာများ ခန့်ထားပေးနိုင်ရန် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းထံ တင်ပြတောင်းဆိုခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~