တာချီလိတ်ရှိ ဇွဲသာယာအပန်းဖြေစခန်း ပိုင်နက်တစ်လျှောက် မဲခေါင်မြစ်ဘေး မြေထိန်းနံရံတည်ဆောက်

တာချီလိတ်ရှိ ဇွဲသာယာအပန်းဖြေစခန်း ပိုင်နက်တစ်လျှောက် မဲခေါင်မြစ်ဘေး မြေထိန်းနံရံတည်ဆောက်
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

တာချီလိတ်ရှိ ဇွဲသာယာအပန်းဖြေစခန်း ပိုင်နက်တစ်လျှောက် မဲခေါင်မြစ်ဘေး မြေထိန်းနံရံတည်ဆောက်

မြန်မာ - လာအို - ထိုင်းနယ်စပ်လည်း ဖြစ်သလို ရွှေတြိဂံဒေသလို့ ခေါ်တဲ့ တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စုအတွင်း ဝမ်ပုံမှာရှိတဲ့ မဲခေါင်မြစ်ကမ်းဘေးမှာ ဇွဲသာယာအပန်းဖြေစခန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း တရားဝင်ဖွင့်လှစ်ခဲ့ပြီးနောက် မိုးတွင်းကာလမှာ မြစ်ရေတိုက်စားမှုကာဖွယ်ဖို့ မြေထိန်းနံရံတွေလုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းနေတာဖြစ်ကြောင်း ဇွဲသာယာအပန်းဖြေစခန်းပိုင်ရှင် ဦးဇွဲက ပြောပါတယ်။

ဇွဲသာယာအပန်းဖြေစခန်းနဲ့ လူနေအိမ်ယာဆောက်လုပ်ခွင့်ရရှိထားတဲ့မြေနေရာတစ်လျောက် မဲခေါင်မြစ်ကမ်းဘေးတွေမှာ မြေထိန်းနံရံတည်ဆောက်မှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

2018ခုနှစ်တုန်းက ဇွဲသာယာအပန်းဖြေစခန်းဟာ တရားဝင်ခွင့်ပြုချက်မရသေးလို့ ဖျက်သိမ်းခဲ့ရပေမဲ့ အခုအခါမှာတော့ တရားဝင်ခွင့်ပြုချက် ရလာပြီဖြစ်တဲ့အတွက် ဆိုင်ခန်းတွေကို ၂၀၂၀ခုနှစ် ဇန်နဝါရီလက စပြီး  ပြန်လည်ကာ တရားဝင်ဖွင့်လှစ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~