မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုတွင် အမျိုးသမီးတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးနှင့်အတူ ဖမ်းမိ

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုတွင် အမျိုးသမီးတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးနှင့်အတူ ဖမ်းမိ
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုတွင် အမျိုးသမီးတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်) ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ (ကျောက်တုံးအာခါရွာ)ရှိ မူးယစ်သတင်းရနေအိမ်အား ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉)ရက်နေ့ ညနေပိုင်းက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၈၀၀)ပြားကို ဖမ်းမိကြောင်း သိရသည်။

မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ(ကျောက်တုံးအာခါရွာ)ရှိ ဒေါ်ဘူးနော်၏ နေအိမ်ကို မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဒေါ်ဘူးနော်  လွယ်ထားသော လွယ်အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါ (၉) ထုပ်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရသည့် အသက် (၄၈)နှစ်အရွယ် ဘူးနော်ကို မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ) ၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -  မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~