တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း လူငယ်တစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း လူငယ်တစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ ညနေပိုင်းကလမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၃၆၇) ပြား ဖမ်းမိကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာဘက်မှ မြို့တွင်းဘက်သို့ လမ်းလျှောက်လာသည့် လူငယ်တစ်ဦးကို ကျားမင်းစီမံချက်ဖြင့်  လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က ညနေ (၃)နာရီဝန်းကျင်တွင် တွေ့ရသဖြင့် စစ်ဆေးရာမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၉၇)ပြားနှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၇၀)ပြားတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိသည့်လူငယ်မှာ အသက် (၂၄)နှစ်အရွယ် စိုင်းဝင်းကျောက်ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~