တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူ နောက်တစ်ဖွဲ့က အကူအညီတောင်းခံ

တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူ နောက်တစ်ဖွဲ့က အကူအညီတောင်းခံ
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency
တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူ နောက်တစ်ဖွဲ့က အကူအညီတောင်းခံ

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာ လောင်းကစားလုပ်ငန်းတွေ ပိတ်သိမ်းလာတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားသူတွေက အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးကို သွားရောက် အကူအညီတောင်းနေကြပါတယ်။

အလုပ်သမား (၅၀)အထက်ဟာ  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မနက်ပိုင်းမှာ တာချီလိတ်မြို့ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးကို သွားရောက် အကူအညီတောင်းကြတာပါ။

လတ်တလော အလုပ်လက်မဲ့ဖြစ်သွားတဲ့အတွက် နိုင်ငံတော်ကနေ ကူညီဆောင်ရွက်ပေးမှုတွေ လိုအပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ပေးမယ်ဆိုတာကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးက မြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီဦးက အခုလိုရှင်းပြပါတယ်။

တာချီလိတ်မှာ လောင်းကစားလုပ်ငန်းတွေ ထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတက ဖေဖေါ်ဝါရီလ (၆)ရက်နေ့မှာ ပြည်နယ်အစိုးရကို နှုတ်ဖြင့် ညွှန်ကြားပြီးတဲ့နောက် ရဲတပ်ဖွဲ့က လောင်းကစားဂိမ်းခုံအချို့ကိုဖမ်းပြီး ဟိုတယ်တွေကို ဝင်ရောက်စစ်ဆေးကာ   ခံဝန်ကတိထိုးခိုင်းထားပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဟိုတယ်တွေက  ဝန်ထမ်းစုစုပေါင်းဟာ (၇၀၀၀)ကျော်ရှိကြောင်း ဖေဖော်ဝါရီလ(၉)ရက်နေ့က ပြုလုပ်တဲ့ ဟိုတည်လုပ်ငန်းရှင်များအစည်းအဝေးအရ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~