ချစ်သူများနေ့တွင် ပိုးဟပ်နှင့်ကြွက်များကို ရည်းစားဟောင်း နာမည်ပေးပြီး တိရစ္ဆာန်အစာအဖြစ် ကျွေးနိုင်ရန် စီစဉ်ထား

ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency

ချစ်သူများနေ့တွင် ပိုးဟပ်နှင့်ကြွက်များကို ရည်းစားဟောင်း နာမည်ပေးပြီး တိရစ္ဆာန်အစာအဖြစ် ကျွေးနိုင်ရန် စီစဉ်ထား

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ရှိ ဆန်အန်တိုနီယိုတိရစ္ဆာန်ရုံတွင် ချစ်သူများနေ့ အထူးအစီအစဉ် အဖြစ် ရည်းစားဟောင်းနာမည်ပေးထားသည့် ပိုးဟပ်၊ ကြွက်များကို တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်မည့် အစီအစဉ်ကို လုပ်ဆောင်ထားကြောင်း သိရသည်။

ရည်းစားဟောင်းအမည်ပေးပြီး တိရစ္ဆာန်ကျွေးလိုပါက ပိုးဟပ်တစ်ကောင်လျှင် (၅)ဒေါ်လာ၊ ကြွက်တစ်ကောင်လျှင် ဒေါ်လာ (၂၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ကိုယ်တိုင် တိရစ္ဆာန်ရုံမသွားနိုင်ပါက ရည်းစားဟောင်းအမည်ပေးထားသည့် ပိုးဟပ်၊ ကြွက်များကို တိရစ္ဆာန်အစာကျွေးခြင်းကို facebook မှ live လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လူမှုကွန်ယက်တွင် မျှဝေနိုင်ရန် အသိအမှတ်ပြု လက်မှတ်တစ်စောင်ကိုပါ ပြန်လည်ပေးပို့မည်ဟု သိရသည်။

ယင်းအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် တိရစ္ဆာန်ရုံ၏ ဝက်ဘ်ဆိုဒ်တွင် စာရင်းကြိုတင်ပေးထားရကြောင်း သိရသည်။

Tachileik News Agency
Ref; San antoni

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~