တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်ပါက မီးသတ်က ကူညီပေးနိုင်ရန် စီစဉ်ထား

တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်ပါက မီးသတ်က ကူညီပေးနိုင်ရန် စီစဉ်ထား
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency

တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်ပါက မီးသတ်က ကူညီပေးနိုင်ရန် စီစဉ်ထား

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက ကျေးရွာတွေအနေနဲ့ နွေရာသီကာလမှာ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လာရင် ရေအကူအညီပေးဖို့အတွက် တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနက အဆင့်သင့်ဖြစ်နေပြီး ရေလှူဒါန်းမှုနဲ့ပတ်သတ်တဲ့ ကုန်ကျစရိတ်တွေကို မီးသတ်ဦးစီးဌာနကို ပေးဆောင်စရာမလိုကြောင်း တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။

ရေလိုအပ်တဲ့ကျေးရွာတွေအနေနဲ့ ရေပုံးတွေနဲ့ သယ်ယူတာထက် ယာယီရေကန်တွေ ဆောက်လုပ်ထားရင် ပိုအဆင်ပြေကြောင်း တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူးက ပြောပါတယ်။ 

တာချီလိတ်မြို့နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်က ရေလိုအပ်နေတဲ့ကျေးရွာတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မီးသတ်ဦးစီးဌာနနဲ့ စည်ပင်သာယာရေးဌာနပိုင်ရေသယ်ယာဉ်တွေနဲ့ သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့သလို ဒီနွေရာသီမှာလည်း ရေတွေ လိုအပ်လာရင် လှူပေးဖို့ မီးသတ်ဦးစီးဌာနက အဆင်သင့်ဖြစ်နေကြောင်း ပြောကြားထားပါတယ်

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~