ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း အနိုင်ရ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း အနိုင်ရ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း အနိုင်ရ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့က ယှဉ်ပြိုင်ရာ တာချီလိတ်အသင်းက လွိုင်လင်အသင်းကို (၈)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရသွားကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထဆုကို တာချီလိတ်အသင်း၊ ဒုတိယဆုကို လွိုင်လင်အသင်းနှင့် တတိယဆုကို တောင်ကြီးနှင့် ကျိုင်းတုံအသင်းတို့က ရရှိသွားခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် လားရှိုး၊ လွိုင်လင်နှင့် ကျိုင်းတုံ၊ အုပ်စု(ခ)တွင် တောင်ကြီး၊ ကျောက်မဲနှင့် တာချီလိတ်၊ အုပ်စု(၈)တွင် မိုင်းဆတ်၊ လင်းခေးနှင့် မူဆယ်၊ အုပ်စု(ဃ)တွင် ဟိုပန်၊ လောက်ကိုင်နှင့် မိုးမိတ်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆုရအသင်းများကို ချီးမြှင့်သည့်အခမ်းအနားသို့ မိုင်းယန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းလှိုင်ခမ်း၊ မောက်မယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်နန်းဖွေးဟွမ်ဦး၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လင်း၊ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်သူ၊ ပြည်နယ်ရ/သုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~