တာချီလိတ်မြို့ ထွန်းလင်းရောင်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ထွန်းလင်းရောင်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့ ထွန်းလင်းရောင်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသအတွင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့က ဆန်ဆိုင်း(ခ)ရပ်ကွက် ထွန်းလင်းရောင်လမ်းတွင် အမျိုးသားတစ်ဦီးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ နှင့် နယ်တပ်ဖွဲ့ဝင်များက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင်အချိန်တွင် ထွန်းလင်းရောင်လမ်းပေါ် လမ်းလျှောက်လာသူ တစ်ဦးအား ရပ်တန့် စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်လာသူ အသက်(၄၁)နှစ်ရှိ စိုးမင်းလှိုင်ဆိုသူထံက wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၅)ပြားကို တွေ့ရှိသိမ်းဆည်းရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ တစ်နေ့တည်းမှာပင် အဆိုပါ ပူးပေါင်းအဖွဲ့က ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာဘက်မှ မြို့တွင်းဘက်သို့ လမ်းလျှောက်လာသည့် လူငယ်တစ်ဦးထံကလည်း စိတ်ကြွဆေးပြား စုစုပေါင်း (၃၆၇)ပြားကို သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~