ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ ပြန်လွှဲ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ ပြန်လွှဲ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ ပြန်လွှဲ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား (၁၁) ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် လွှဲပြောင်းပေးလာသည်။

လွှဲပြောင်းပေးလာသူများတွင် ရှမ်းပြည်နယ်အတွင်းမှ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၅)ဦးတို့သည် ထိုင်းနိုင်ငံတွင်း ခွင့်ပြုနယ်မြေထက် ကျော်လွန်သွားလာခြင်း၊ ခွင့်ပြုရက်ထက် ကျော်လွန်နေထိုင်ခြင်းများကြောင့် ဖမ်းဆီးခံထားကြရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းလဝကအရာရှိ Somsak Singkham ဦးဆောင်သည့် တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် မြန်မာနိုင်ငံသား (၁၁)ဦးကို လာရောက်လွှဲပြောင်းပေးရာ ကျန်းမာရေးက COVID 19 (ကိုရိုနာဗိုင်းရပ်စ်) သံသယလက္ခဏာများစစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ခြင်းများ ဆောင်ရွက်ပြီး လက်ခံခဲ့သည်။

နေရပ်ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများအား စိစစ်လက်ခံပြီး နေရပ်ပြန်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် CNCMC တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က လက်ခံခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - cncmc

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~