ကျိုင်းတုံမြို့ရှိ ပါလျှံမြို့ရိုးတံခါးတွင် တစ်လမ်းမောင်းစနစ်ကို အားလုံး လိုက်နာနိုင်ရန်အတွက် ပညာပေးကာလ (၂)ပတ် သတ်မှတ်ကာ အသိပညာပေးနေ

ကျိုင်းတုံမြို့ရှိ ပါလျှံမြို့ရိုးတံခါးတွင် တစ်လမ်းမောင်းစနစ်ကို အားလုံး လိုက်နာနိုင်ရန်အတွက် ပညာပေးကာလ (၂)ပတ် သတ်မှတ်ကာ အသိပညာပေးနေ
ဖေဖော်ဝါရီ 22, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ ပါလျှံမြို့ရိုးတံခါးတွင် တစ်လမ်းမောင်းစနစ်ကို အားလုံး လိုက်နာနိုင်ရန်အတွက် ပညာပေးကာလ (၂)ပတ်  သတ်မှတ်ကာ အသိပညာပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အထင်ကရနေရာဖြစ်သည့် ပါလျှံမြို့ရိုးတံခါးနေရာတွင် တစ်လမ်းမောင်း စနစ် စတင် ကျင့်သုံးနိုင်ရေးအတွက် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီမှ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မဝင်ရ လမ်းတွေ၊ တစ်လမ်းမောင်းတွေ လုပ်တာရှိတယ်။ ပါလျှံတံခါးလမ်းကို ပညာပေးလုပ်နေတယ်။ (၄) ရက်လောက် ရှိပြီ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လုပ်နေတာ။ ပညာပေးကာလ (၂) ပတ်သတ်မှတ်ထားတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို စည်ပင်က ထောင်ထားပြီးပြီ

ဟု အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)မှ   ရဲမှူးညီညီလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံမြို့ ပါလျှံမြို့ရိုးတံခါးနှင့် လွိုင်မွေလမ်း၊ ဈေးတန်းကြီးလမ်းများတွင် တစ်လမ်းမောင်းစနစ် ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်အမှတ်အသားများ တပ်ဆင်ထားရှိပြီး ဖြစ်ကြောင်းနှင့် ကျိုင်းတုံမြို့ ပါလျှံမြို့ရိုးတံခါးကို  ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ပြင်ဆင်မွမ်းမံမှုများပြီးစီးခဲ့သဖြင့် ဖွင့်ပွဲအထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကညန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~