တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံတွင် မြန်မာသင်္ဘောသား (၅၀) အကျဉ်းစခန်း (၁၆)ခုတွင် ထိန်းသိမ်းခံထားရ

တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံတွင် မြန်မာသင်္ဘောသား (၅၀) အကျဉ်းစခန်း (၁၆)ခုတွင် ထိန်းသိမ်းခံထားရ
ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency

တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံတွင် မြန်မာသင်္ဘောသား (၅၀) အကျဉ်းစခန်း (၁၆)ခုတွင် ထိန်းသိမ်းခံထားရ

တရားမဝင်မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံတွင်း ထိန်းသိမ်းရေးစခန်းနှင့် အကျဉ်းစခန်း (၁၆)ခုတွင် မြန်မာသင်္ဘောသား (၅၀)ဦး မိသားစုများနှင့် အဆက်အသွယ်ရရှိရေး တရုတ်နိုင်ငံ မြန်မာသံရုံးက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်မှု အခြေအနေများကြောင့် ထိန်းသိမ်းရေးစခန်းများရှိ  မြန်မာသင်္ဘောသားများ၏ အမှုများ မြန်မြန်ဆန်ဆန် ပြီးပြတ်စေရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မေတ္တာ ရပ်ခံထားသည့် အပြင် သင်္ဘောသားမိသားစုများ အဆက်အသွယ် ရရှိရေးတို့ကို မြန်မာသံရုံးက ဆောင်ရွက်ပေးနေကြောင်း  ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့နှင့် (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာသင်္ဘောသားများအား ထိန်းသိမ်းထားသည့် စခန်းများသို့ မြန်မာသံရုံးတာဝန်ရှိသူများက ဆက်သွယ်ထားပြီး  ထိန်းသိမ်းခံသင်္ဘောသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးနှင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများတွင် အချို့မှာ မှောင်ခိုပစ္စည်းတင်ဆောင်သည့် သင်္ဘောဖြစ်ကြောင်းမသိ၍ လိုက်ပါလာသူများလည်း တွေ့ရသဖြင့် သင်္ဘောလိုက်မည့် မြန်မာသင်္ဘောသားများအား လိုအပ်သည့် ကြိုတင်အသိပေးခြင်းများ လုပ်ဆောင်ပေးကြရန် မြန်မာနိုင်ငံရှိ သင်္ဘောသားအေဂျင်စီများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေးထားပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~