မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၂၁)ဦးရှိလာ

မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၂၁)ဦးရှိလာ
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency

မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၂၁)ဦးရှိလာ

စင်္ကာပူနိုင်ငံမှ ပြန်လာသူတစ်ဦးနှင့် ကူမင်းမှ ပြန်လာသူတစ်ဦးတို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ တွင် ဝူဟန်နမိုးနီးယား စောင့်ကြည့်လူနာအဖြစ် ထပ်တိုးလာ၍ မြန်မာတစ်နိုင်ငံလုံး၌ သံသယနှင့် စောင့်ကြည့်လူနာ စုစုပေါင်း (၂၁)ဦးရှိ ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝူဟန်နမိုးနီးယားသံသယလူနာအဖြစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ ပြန်လာသည့် အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံတွင် စင်္ကာပူနိုင်ငံ၌ ဝူဟန်နမိုးနီးယား အတည်ပြုလူနာဖြင့် အနီးကပ် နေထိုင်ခဲ့သည့်  အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သီးသန့်ထားရှိကာ ဓါတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်လာသည့် အမျိုးသမီး (၂)ဦးနှင့် အတူနေ မိသားစုဝင် (၂)ဦး စုစုပေါင်း (၄)ဦး၏ ဓါတ်ခွဲနမူနာများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝူဟန်နမိုးနီးယား သံသယလူနာနှင့် စောင့်ကြည့်လူနာများအားလုံးမှာ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ ည (၈)နာရီအထိ ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~